ပြန်လည်မျှဝေပါသည်
ကိုဝင်းသန်း - ၄၂ နှစ်
ဘိုကလေးမြို့နယ်၊ ကျွန်းသာယာအုပ်စု၊ ကြက်ပြေးကျေးရွာ။
ပုံပါ ဝေဒနာရှင်ဟာ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က ဂုပ်ပိုးမှာ အနာဖြစ်ရာကနေ ကြာလာတော့ အခုလို အသားပို အကြီးကြီး ဖြစ်လာပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်ကတော့ အဲ့ဒီ အလုံးကြီးက ပေါက်ထွက်လာလို့ မခံနိုင်အောင် နာကျင်တာကြောင့် အနီးအနားက မကြည့်ရက်တဲ့ အိမ်နီးချင်းက သူတို့ရှိတဲ့ ငွေလေးထုတ်ပြီး ရန်ကုန်ကို ခေါ်လာခဲ့ကာ ကျနော့်ထံ အကူအညီတောင်း ဆက်သွယ်လာပါတယ်။
ဒီနေ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပြင်ကလူနာဋ္ဌာန (၅)ထပ်ဆောင်မှာ ပြသမှု ခံယူမှာ ဖြစ်ပါတယ်။
၎င်းလူနာအတွက် ကိုမင်းသိန်းထက် + မအိသန္တာလှိုင် တို့၏ သမီးလေး မအမရာမေ (၃) နှစ်ပြည့် မွေးနေ့အလှူအဖြစ် အလှူငွေ(၁)သိန်း ကျပ်အား၊ အလှူရှင်မိသားစုများ ကိုယ်စား ကိုကြီး နှင့် ညီအစ်ကိုများမှ လူနာရှင်ထံ သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။
လှူဒါန်း လိုသူများ ကျနော့်ထံ ဆက်သွယ် နိုင်ပါတယ် ခင်ဗျာ။
#ကိုကြီး
၀၉၅၁၉၅၄၂၀
ကိုကြီး နှင့် ညီအစ်ကို မောင်နှမများ ပရဟိတအဖွဲ့။
No comments:
Post a Comment