Latest News

Friday, June 9, 2017

စတုတ္ထမဏ္ဍိုင်ယခုကဲ့သို့ တည်တံ့ခိုင်မြဲရန် ၎င်းတို့က အရင်ဆုံး ထောင်ကျခံ၍ လုပ်ခဲ့ခြင်းဖြစ်ဟု ဦးဖြိုးမင်းသိန်းပြော

စတုတ္ထမဏ္ဍိုင်ယခုကဲ့သို့ တည်တံ့ခိုင်မြဲရန် ၎င်းတို့က အရင်ဆုံး ထောင်ကျခံ၍ လုပ်ခဲ့ခြင်းဖြစ်ဟု ဦးဖြိုးမင်းသိန်းပြော

သတင်းမီဒီယာဖြစ်သော စတုတ္ထမဏ္ဍိုင်ယခုကဲ့သို့ တည်တံ့ ခိုင်မြဲစွာရပ်တည်နိုင်ရန် ၎င်းတို့က အရင်ဆုံးထောင်ကျခံ၍ လုပ်ခဲ့ရ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ တစ်နှစ်တာဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ဇွန်လ ၉ ရက်က ပြုလုပ်သော သတင်းစာ ရှင်း လင်းပွဲတွင် အဖွင့်စကားပြော စဉ် ထိုသို့ ပြောခြင်းဖြစ်သည်။

‘‘မီဒီယာဆိုတာ အမှန်တရား အတွက် လူထုကို လမ်းပြပေးဖို့ ဖြစ်ပါတယ်။ ဒီအခြေအနေလေး တွေအားလုံးကို ကျွန်တော်တို့က စတုတ္ထမဏ္ဍိုင်ကြီးတည်တံ့ခိုင်မြဲ နိုင်ဖို့ဆိုတာ သတင်းမီဒီယာလော ကကြီး အခုလိုရပ်တည်နိုင်ဖို့အ တွက် ကျွန်တော်တို့က အရင်ဆုံး ထောင်ကျခံပြီး ဒီသတင်းမီဒီယာ လမ်းကြောင်းပေါ်ကို ကျွန်တော် တို့က ပထမဆုံးရပ်ခဲ့တာပါ’’ဟု ၎င်းက ပြောသည်။

‘‘အဲဒီအချိန်ကာလက ဒီ ဂျာနယ်တွေ၊ စာစောင်ဆိုတာ နိုင်ငံရေးဆိုတဲ့ လမ်းကြောင်းပေါ် မှာမရှိသေးပါဘူး။ အဲဒီအတွက် အလကားရလာခဲ့တဲ့အခွင့်အရေး တွေမဟုတ်ဘူး။ ပေးဆပ်မှုကြီး ကြီးတွေနဲ့ ထောင်နှုတ်ခမ်းပေါ် ဖြတ်ပြီး ရခဲ့တဲ့ အခြေအနေတွေ ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

အစိုးရက ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်နေချိန်တွင် သ တင်းမီဒီယာများက မည်ကဲ့သို့ လိုက်ပါရမည်ဆိုသည့် အခြေအ နေများကို ပြင်ဆင်ရမည် ဖြစ် သည်ဟု ၎င်းက ဆိုသည်။

သတင်းစာရှင်း လင်းပွဲတွင် ၀န်ကြီးချုပ်က ဦးဆောင်၍ တိုင်း ဒေသကြီး ၀န်ကြီးတစ်ဦးချင်းအ လိုက် အစိုးရသစ်၏ တစ်နှစ်တာ ဆောင်ရွက်ထားရှိမှုများကို ဦးစွာ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သတင်းမီဒီယာ များက မေးမြန်းလိုသည့်အချက် များ မေးမြန်းခွင့်ပြုခဲ့သော်လည်း မေးခွန်းအားလုံးကို မေးမြန်းစေပြီး မှ ပေါင်း၍ပြန်လည်ဖြေကြား သည့်အစီအစဉ်ကို ကျင့်သုံးခဲ့ သည်။

တက်ရောက်လာသည့် သ တင်းထောက်များက YBS ဘတ်စ် ကားစနစ်ဆောင်ရွက်မှုအခြေအ နေ၊ ရန်ကုန်မြို့သစ်စီမံကိန်းလုပ် ငန်းအကြောင်း၊ ကျူးကျော်ရေး ရာကိစ္စ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှသတင်းအချက် အလက်ရယူရန် ခက်ခဲသည့်အ ခြေအနေများ၊ မကြာခင်က ပြဿနာဖြစ်ပေါ်ခဲ့သည့် ၀န်ကြီး ချုပ်၏ ကိုယ်ရေးအရာရှိဆိုသူက အဂတိလိုက်စားမှုပြုလုပ်ခဲ့သည် ဆိုသောသတင်းများ စသည်ဖြင့် မေးခွန်း ၂၀ ခန့်ကို မေးမြန်းခဲ့သည်။

မေးမြန်းချက်များကို ၂၃ မိနစ်ခန့် ပြန်လည်ဖြေကြားခဲ့ပြီး ၎င်း၏ ကိုယ်ရေးအရာရှိဆိုသူနှင့် သက်ဆိုင်သည့်မေးခွန်းကို ထည့် သွင်း ဖြေကြားခြင်းမရှိ၍ သတင်း ထောက်က ထပ်ဆင့်မေးမြန်းခဲ့ သည်။

‘‘ဖြေတဲ့သူက သူတစ်ခါ တည်း ဖြေသွားလို့ မဖြေတာပါ။ မဟုတ်ဘူးဆိုတဲ့သတင်းဆိုတာ  သူတို့ကိုယ်တိုင်သိနေတဲ့ အခြေ အနေဖြစ်နေတာ။ အဲဒီအတွက် တအားရှေ့ကို စိတ်မစောပါနဲ့။ ဘာဖြစ်လို့လဲဆိုရင် ဒီသတင်းစာ ရှင်းလင်းပွဲက ညီလေး ကိုယ်နဲ့ ကြားမှာ အပြန်အလှန်အငြင်းပွား ဖို့ လုပ်နေတဲ့ပွဲမဟုတ်ပါဘူး။ လူ ထုကို သတင်းအချက်အလက်ပေး နိုင်ဖို့အတွက်ပါ’’ဟု ၎င်းက ဆို သည်။

7Day News Journal

No comments:

Post a Comment