Latest News

Friday, June 9, 2017

ဘာသာရေးအကြောင်းပြ၍ အဓိကရုဏ်းဖန်တီးသူများကို ဥပဒေနှင့်အညီ ထိန်းသိမ်းမည်ဟု ဦးဖြိုးမင်းသိန်းပြော

ဘာသာရေးအကြောင်းပြ၍ အဓိကရုဏ်းဖန်တီးသူများကို ဥပဒေနှင့်အညီ ထိန်းသိမ်းမည်ဟု ဦးဖြိုးမင်းသိန်းပြော


ရန်ကုန်မြို့တွင် ဘာ သာရေးကို အကြောင်းပြပြီး အဓိ ကရုဏ်းများဖြစ်အောင် ကြိုးပမ်းနေသူများကို တရားဥပဒေနှင့်အညီ ထိန်းသိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဇွန်လ ၉ ရက်က ပြုလုပ်သည့်ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ တစ်နှစ်တာဆောင်ရွက် ချက်များ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘ဘာသာရေးကို အကြောင်း ပြုပြီး အဓိကရုဏ်းတွေဖန်တီးဖို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေ အားလုံးကိုလည်း တရားဥပဒေနဲ့ အညီထိန်းသိမ်းသွားမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ လူသားချင်းလွတ်လပ်ခွင့်တွေ ပေးထားပါ တယ်။ ဘာသာတရားအားလုံးရဲ့ လွတ်လပ်ခွင့်တွေ ပေးထားတဲ့ ရန်ကုန်မြို့တော်ကြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်တိုင်းအတွင်း မှာ လူမျိုးရေး၊ ဘာသာရေးအဓိက ရုဏ်းတွေ မပေါ်ပေါက်စေဖို့အ တွက် ထိန်းညှိသွားမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

အဓိကရုဏ်းများမဖြစ်ပေါ် အောင် ပြည်သူလူထုတစ်ရပ်လုံး က တက်တက်ကြွကြွနှင့် ပူးပေါင်းဆောင်ရွက်နေမှုအပေါ်အထူးပင်ကျေးဇူးတင်ကြောင်း ၀န်ကြီးချုပ်က ဆိုသည်။

‘‘အစိုးရသစ်တစ်ရပ်ဟာ ဒီမို  ကရေစီစနစ်ကို ထူထောင်မယ်ဆို ရင် တရားဥပဒေစိုးမိုးရေးဟာ အလွန်အင်မတန် အရေးကြီးပါ တယ်။  တရားဥပဒေစိုးမိုးမှုမရှိဘဲ နဲ့ ဒီမိုကရေစီအခွင့်အရေး၊ လူ့အ ခွင့်အရေးတွေကို ပုံဖော်ပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီမိုက ရေစီနဲ့ လူ့အခွင့်အရေးကိုရဖို့ဆို ရင် တရားဥပဒေစိုးမိုးရေးကို ထိ ထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ၀န်ကြီးချုပ်က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်း၊ ၁၂၂ လမ်းနှင့် ၁၂၃ လမ်းမှ တိုက်တစ်တိုက်ရှိ ငါးလွှာတွင် ဘင်္ဂါလီလူမျိုးအချို့ ရောက်နေကြောင်း သံဃာတော် အချို့အပါအ၀င် အမျိုးသားရေး လှုပ်ရှားသူဟုဆိုသူများ၏ သတင်းပေးမှုကြောင့် မေလ ၉ ရက် ည ၁၁ နာရီခန့်တွင်ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများသွားရောက် စစ်ဆေးရာမှတစ်ဆင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းတွင် ဖြစ်ပွားခဲ့ သောပဋိပက္ခ၌ ပါဝင်လှုံ့ဆော် သည့် သံဃာတော်နှစ်ပါးနှင့် လူ ပုဂ္ဂိုလ်ငါးဦးကို မေလ ၁၁ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြီး လူပုဂ္ဂိုလ်ငါးဦးကို ဖမ်းဆီး၍ ပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် အမှုဖွင့်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်ကလည်း သာကတေမြို့နယ် အနော်မာ (၁) ရပ်ကွက်တွင် သံဃာများနှင့် အမျိုးသားရေးလှုပ် ရှားသူများက အစ္စလာမ်စာသင် ကျောင်းလေးခုကို ဗလီလုပ်၍ ၀တ်ပြုသည်ဆိုကာ ၀င်ရောက်စစ်ဆေးရန် ကြိုးပမ်းခဲ့သည်။

အနော်မာဖြစ်စဉ်ဖြစ်ပွားပြီး ၁၁ ရက်အကြာ၌ မြယာကုန်းလမ်းပြဿနာဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

7Day News

No comments:

Post a Comment