အမေရိကန်က ဆီးရီးယားကို တိုက်ခိုက်ပါက လက်တုံ့ပြန်မည်ဟု
ရုရှား ပြော
အမေရိကန်က ဆီးရီးယားကို လက်ဦးမှုအရယူ တိုက်ခိုက်ပါက ရုရှားအနေနဲ့ သိက္ခာရှိရှိ၊ အချိုးညီညီ ပြန်လည်တုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ဇွန်လ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် ကျနော့်ဆီ ဖုန်းခေါ်ပါတယ်။ သူပြောတာက ဆီးရီးယားအစိုးရဟာ ဓာတုလက်နက်ကို နောက်တကြိမ်သုံးဖို့ ပြင်ဆင်နေတယ် ဆိုတာပါပဲ” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။
အမေရိကန်အနေနဲ့ ဆီးရီးယားအစိုးရနဲ့ ပတ်သက်တဲ့ သက်သေမပြနိုင်တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကိုသုံးပြီး ရန်စကျူးကျော်တာမျိုး မလုပ်မိဖို့ ရုရှားအနေနဲ့ မျှော်လင့်တယ်လို့လည်း ဆာဂျီလာဗရော့က ပြောကြားသွားပါတယ်။
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment