Latest News

Wednesday, June 28, 2017

ပုသိမ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၆ ဦး အထိရှိလာ

ပုသိမ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၆ ဦး အထိရှိလာ

ပုသိမ်တွင် သွေးလွန်တုပ် ကွေးဖြစ်ပွားမှု မေလကစ၍ မြင့်တက်ခဲ့ရာ ဇွန်လ ၂၅ ရက်အထိ စာရင်းအရ ၇၆ ဦးအထိရှိနေပြီး ဖြစ်ပွားနှုန်း မြင့်တက်နေကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝင်းအောင်က ပြောသည်။

‘‘သေဆုံးသူတော့ မရှိသေး ဘူး။ ဖြစ်တာတော့ မြင့်လာတယ်။ ဖုန်း၊ သွန်၊ လဲ စစ်တွေလုပ်ဖို့ ကျန်းမာရေးဌာနက အသိပညာ ပေးပြီး နှိုးဆော်နေတယ်။ ပြည်သူ တွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်။ ဒါမှပဲအောင်မြင်မှာပါ’’ဟု ဒေါက်တာတင်ဝင်းအောင်က ပြောသည်။

 ‘‘ရောဂါပြင်းထန်လာလို့ ဆေးရုံကို လွှတ်နေတယ်ဆိုတာ ကလေးမသေသွားအောင်လို့ လို အပ်တာကိုဖြည့်ပေးတာ၊ သွေး လွန်တုပ်ကွေးက ကုလို့မရဘူး၊ ကာကွယ်လို့ပဲ ရတာ’’ဟု မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်သန္တာလွင်က ပြောသည်။

လက်ရှိတွင် သွေးလွန်တုပ် ကွေးရောဂါ ဖြစ်ပွားမှုလျော့ကျ စေရန် ကျန်းမာရေးဦးစီးဌာနကစာသင်ကျောင်းများ၊ ရုံးများနှင့်ရပ်ကွက်များတွင် ပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခြင်ဆေးမှိုင်းမှုတ်ခြင်းနှင့် ရေအိုး၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်နေသည်။

လက်ရှိတွင် ဇွန်လ ၂၅ ရက်အထိ ဧရာဝတီတိုင်း၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင် ကျော်ရှိပြီး သေဆုံးသူ ၁၁ ဦးရှိ ကြောင်း တိုင်းပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။

 
7Day News

No comments:

Post a Comment