Latest News

Monday, June 26, 2017

ပဲခူးတိုင်းဒေသကြီးတွင် (၂)လကျော်အတွင်း မိုးကြိုးပစ်ခံရပြီး သေဆုံးသူ(၁၁)ဦးရှိ

ပဲခူးတိုင်းဒေသကြီးတွင် (၂)လကျော်အတွင်း မိုးကြိုးပစ်ခံရပြီး
သေဆုံးသူ(၁၁)ဦးရှိ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများတွင် မိုးတွင်းကာလ(၂)လကျော်အတွင်း မိုးကြိုးပစ်ခံရ ပြီး သေဆုံးခဲ့သူ (၁၁)ဦးနှင့် ဒဏ်ရာရသူ (၁)ဦး ရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ သိရှိရသည်။

မိုးကြိုးပစ်ခံရသဖြင့် သေဆုံးခဲ့သူများမှာ ဧပြီလမှ ဇွန် ၂၅ ရက်အထိ ပဲခူးမြို့နယ်တွင်(၂)ဦး၊ ကဝမြို့နယ်တွင်(၂) ဦး၊ သနပ်ပင်မြို့နယ်တွင်(၁)ဦး၊ ကျောက်ကြီးမြို့နယ်တွင်(၁)ဦး၊ အုတ်တွင်းမြို့နယ်တွင်(၁)ဦး၊ မင်းလှမြို့နယ် တွင်(၁)ဦး၊ ဝေါမြို့နယ်တွင်(၁)ဦး၊ ဒိုက်ဦးမြို့နယ်တွင်(၁)ဦး၊ ကျောက်တံခါးမြို့နယ်တွင်(၁)ဦးနှင့် ဒဏ်ရာရသူ (၁)ဦးရှိခဲ့ကြောင်း သိရသည်။

မျိုးမြတ်(မြစ်မခ)

No comments:

Post a Comment