Latest News

Monday, June 26, 2017

ကျီတော်အိမ်ယာဝင်းမှ နှစ် ၅၀ ခန့် သက်တမ်းရှိ အိမ်တစ်လုံး ရုတ်တရက် ကွဲအက်မှု ဖြစ်ပေါ်

ကျီတော်အိမ်ယာဝင်းမှ နှစ် ၅၀ ခန့် သက်တမ်းရှိ အိမ်တစ်လုံး
ရုတ်တရက် ကွဲအက်မှု ဖြစ်ပေ


ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ ကျီတော်အိမ်ယာဝင်းအတွင်း နှစ်ပေါင်း ၅၀ ခန့်ရှိသည့် လူနေအိမ်တစ်လုံး ဇွန်လ ၂၅ ရက် နေ့လည် ၃ နာရီခန့်တွင် အနည်းငယ် ကွဲအက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၎င်းနေအိမ်သည် တိုက်နှစ်ထပ်အိမ် အမျိုးအစားဖြစ်ပြီး လူနေထိုင်မှုမရှိသော်လည်း အရက်ဆိုင်ဖွင့်ထားပြီး နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်နေသည့်အတွက် အုတ်နံရံများသည် အပူရှိန်လွန်ကဲမှုကြောင့် ကွဲအက်မှု များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီကို မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်း မရှိခဲ့ဘဲ ဓါတ်ပုံမှတ်တမ်းများသာ ရိုက်ကူးပြီးနောက် ကားပေါ်သို့ တက်ပြေးသွားခဲ့သည်။

AKonThi

No comments:

Post a Comment