Latest News

Saturday, June 3, 2017

နမ့်ခမ်း ဘိန်းဖြတ်စခန်း ဆေးဖြတ်သူများထဲတွင် အမျိုးသမီး ၁၀ ရာခိုင်နှုန်းပါဝင်

နမ့်ခမ်း ဘိန်းဖြတ်စခန်း ဆေးဖြတ်သူများထဲတွင် အမျိုးသမီး
၁၀ ရာခိုင်နှုန်းပါဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ ဘိန်းဖြတ်စခန်းမှာ ဆေးလာဖြတ်သူ ၁၀ ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ အမျိုးသမီးတွေ ပါဝင်နေပါတယ်။

ဘိန်းတိုက်ဖျက်ရေးစခန်းရဲ့ အထွေအထွေ အတွင်းရေးမှူး ညီကျော်မြင့် “အခုဆေးလာဖြတ်တဲ့ ညအထဲမှာ အမျိုးသမီးတွေရော၊ ကိုယ်ဝန်သည်တွေရောပါတယ်။ အခုအားလုံး စုစုပေါင်း ၄၇၆ ယောက်ရှိတယ်။ အမျိုးသမီးက ၄၅ ယောက်ရှိတယ်။ ကိုယ်ဝန်သည်တွေက ခုလောလော ဆယ် ၄ ယောက်လောက်ပါတယ်” လို့ ပြောပါတယ်။

ဘိန်းတိုက်ဖျက်ရေးစခန်းကို ဘိန်းသုံးစွဲနေသူ ပေါများလာခြင်းကို တားစီးဖို့ ရည်ရွယ်ပြီး မေလ ၅ လပိုင်း ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ၁ လနီးပါးအတွင်း လူဦးရေ ၄၀၀ ကျော်ပြီဖြစ်ကြောင်း သိရပါတယ်။

“ခုဖွင့်ထားတာက ရွာတိုင်းရွာတိုင်းမှာ ဖွင့်ထားတယ်။ အုပ်စုဆိုရင်လည်း ရွာကြီးမှာဖွင့်ထားတယ်။ ကျနော်တို့က ၄ လပိုင်း ၂၇ ရက်နေ့ကတည်းက အစည်းအဝေး စလုပ်တယ်။ အခု ကြုံနေရတဲ့ အခက်အခဲကတော့ ဆေးဝါးအပိုင်းမှာပေါ့လေ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ဆေးက အခက်အခဲရှိတယ်။ အခု တော်တော်များများတော့ ပြတ်တာတွေရှိတယ်။ အိမ်ပြန်ပေးလို့ မရသေးဘူး။ သူတို့အသွေးအသားထဲမှာ သွေးမသန့်သေးဘူးလေ” လို့  ညီကျော်မြင့်က ပြောပါတယ်။

လက်ရှိ ဘိန်းတိုက်ဖျက်ရေးစခန်းကို နမ့်ခမ်းမြို့နယ် မန်တပ်၊ ဆောရမ်၊ လွယ်ချက်၊ ဖက်မုန်၊ ပင်လုံနှင့် အော်ကား စသည့်ကျေးရွာများတွင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment