ဦးကျော်မင်းဆွေနှင့် ဗြိတိသျှ ကိုကိုမောင်ကို ရုံးပိတ်ရက်၌
တရားရုံးဖွင့်၍ ရမန်ယူ
ကျည်ထောင်စုသစ္စာ သရော်စာနဲ့ ပတ်သတ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နှင့် အမှုဖွင့်ခံထားရသော The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဗြိတိသျှ ကိုကိုမောင်တို့ကို ယနေ့ (ဇွန် ၃ ရက်) စနေနေ့ ရုံးပိတ်ရက် မွန်းလွဲ ၁ နာရီက ဗဟန်းမြို့နယ် တရားရုံးအား သီးသန့်ဖွင့်လှစ်၍ ချုပ်ရမန်ယူခဲ့သည်။
“တရားသူကြီးက ၆၆(ဃ) ဟာ အာမခံပေးလို့ မရတဲ့ ပုဒ်မဖြစ်တာကြောင့် ချုပ်ရမန်ယူခွင့် ပေးလိုက်တယ် ပြောတယ်။ ကျွန်တော် သိရသလောက် ဒီဥပဒေမှာ အာမခံပေးခွင့် မပေးခွင့်ရယ်လို့ သတ်မှတ်ထားတာ မရှိဘူး။ ၆၆(ဃ) နဲ့ အမှုဖွင့်ခံရသူအချို့ အာမခံရခဲ့တာတွေလည်း ရှိထားတယ်” ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။
ဗဟန်းမြို့နယ် တရားသူကြီးက ချုပ်ရမန်ပေးခဲ့ပြီး အဆိုပါအမှုကို လာမည့် ဇွန်လ ၈ ရက်နေ့ ရုံးချိန်းသတ်မှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့မှာ ဗဟန်းရဲစခန်းအချုပ်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အများပြည်သူ ရုံးပိတ်ရက်တွင် တရားရုံး သီးသန့်ဖွင့်လှစ်၍ ရမန် ရယူမှုနှင့် ပတ်သတ်ပြီး ရှေ့နေဦးကြီးမြင့်က “ရဲအကျပ်အတည်း တွေ့နေလို့ တရားသူကြီးက ရုံးပိတ်ရက် တရားရုံးဖွင့်ပြီး ချုပ်ရမန်ပေးလိုက်တာလို့ ကျွန်တော်ထင်တယ်။ သတင်းမီဒီယာကို အာမခံပေးလို့ မရဘူးဆိုတဲ့ ဒီ ၆၆ (ဃ) က တရားဥပဒေနဲ့အညီ မဖြစ်ဘူး။ ပြီးတော့ တရားစီရင်ရေးပိုင်းက တပ်ကစွဲရင် တစ်မျိုး အရပ်သားကစွဲရင် တစ်မျိုး အာမခံပေးခွင့် မပေးခွင့် ကိုင်တွယ်ဆုံးဖြတ်နေတာကိုက လွဲနေတာ” ဟု မှတ်ချက်ပေးသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment