တောင်ဥက္ကလာ သုမင်္ဂလာပန်းခြံ၌ ဗိုလ်ချုပ်ကြေးရုပ်တု နှစ်ခု
စိုက်ထူရန် မြို့တော်ဝန် ဆုံးဖြတ်
တောင်ဥက္ကလာပမြို့ နယ် အတွင်း လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်သည့် ကော်မတီ တစ်ခုနှင့် ရပ်ကွက်နေ ပြည်သူများဦးဆောင်သည့် ကော်မတီ တစ်ခုတို့ မှ ဗိုလ်ချုပ် ကြေးရုပ်တုများ အသီးသီး ထုလုပ်ပြီးစီးခဲ့ သော်လည်း ထားရှိရန် အငြင်းပွားမှုများ ရှိခဲ့သဖြင့် အချိန် ကြန့်ကြာနေရာမှ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) တွင် ယင်း ပန်းခြံအတွင်း နှစ်ခုစလုံး စိုက်ထူရန် ရန်ကုန် မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ဆုံးဖြတ် ပေးခဲ့သည်။
''ရန်ကုန် မြို့တော်ဝန်နဲ့ တွေ့တော့ သူနဲ့ တာဝန်ရှိသူတွေ ဆုံးဖြတ်လိုက်တာက သုမင်္ဂလာ ပန်းခြံ တစ်ခုထဲမှာ ဗိုလ်ချုပ် ကြေးရုပ်တု နှစ်ခုထား မယ်။ ဒါကိုလည်း အဖွဲ့တွေက လက်ခံကြပါတယ်။ ဗိုလ်ချုပ် ကြေးရုပ်တု ထားချင်ကြတဲ့ ရည်ရွယ်ချက်ချင်း တူတယ်။ နေရာကိုပဲ ရွေးကြတာ ဖြစ်လို့ လူကြီးတွေက ဆုံးဖြတ် ပေးလိုက် တာပါ။ အာဇာနည်နေ့မှာ ကြေးရုပ်တုတွေကို ဖွင့်ပေး သွားမှာပါ'' ဟု တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောဆိုသည်။
ပန်းခြံအတွင်း ကြေးရုပ်တု နှစ်ခု ထားနိုင်ရန် အောက်ခံ ရင်ပြင်များ တည်ဆောက်မှုကို ဇွန်လ ဆန်း၌ စတင် လုပ်ဆောင်ရန် စီစဉ်နေပြီး ရန်ကုန် မြို့တော်ဝန်အား လာရောက် ဖွင့်လှစ်ပေးရန် ဖိတ်ကြားထားကြောင်း ရပ်ကွက်သူ ရပ်ကွက်သားများ ဦးဆောင်သည့် ဗိုလ်ချုပ် ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးလင်းထက် က ပြောဆိုသည်။
''ကျွန်တော်တို့ သဘောကတော့ ဂုဏ်သိက္ခာ ရှိရှိ ပန်းခြံတစ်ခု ထဲမှာ တင့်တင့်တယ်တယ် တစ်ရုပ်ပဲ ထားချင်တာပေါ့။ အခုလို နှစ်ရုပ် ဖြစ်သွားတဲ့ အတိုင်းအတာ မှာတော့ တောင်ဥက္ကလာ မြို့နယ်ရဲ့ သမိုင်းပေါ့ဗျာ။ ပြောရမယ် ဆိုရင်တော့ ကိုယ့်မြို့နယ် ကတော့ ရုပ်နည်းနည်း ဆိုးမယ်။ အနာဂတ် လူငယ်တွေ အတွက်ကတော့ ဆင်ခြင်လို့ ရတာပေါ့'' ဟု ဦးလင်းထက် က ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်သည့် ကော်မတီမှ ပြုလုပ်သည့် ဗိုလ်ချုပ်ကြေး ရုပ်တုသည် ကြေးပိဿာချိန် ၃၆၅ ပိဿာနှင့် အမြင့် ခြောက်ပေခွဲ ထိုင်လျက် အနေအထား ထုလုပ်ထားခြင်း ဖြစ်ပြီး ရပ်ကွက်နေ ပြည်သူများ ဦးဆောင်သည့် ဗိုလ်ချုပ် ကြေးရုပ်တုကိုမူ ကြေး ပိဿာချိန် ၃ဝဝ နှင့် အမြင့် ကိုးပေ မတ်တတ် အနေအထားဖြင့် ထုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာတိုင်း(မ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment