Latest News

Saturday, June 24, 2017

ကျောက်မီးသွေးကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ၏ဆန္ဒကို ဆန့်ကျင် လုပ်ဆောင်မည် မဟုတ်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

ကျောက်မီးသွေးကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ၏ဆန္ဒကို ဆန့်ကျင် လုပ်ဆောင်မည် မဟုတ်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ်ြေေပြောကြား


ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ကျောက်မီးသွေး စက်ရုံ တည်ဆောက်ခြင်း စသည့် ကျောက်မီးသွေးနှင့် ပတ်သက်သည့် လုပ်ငန်းကိစ္စရပ်မျာအား ပြည်သူ၏ ဆန္ဒကို ဆန့်ကျင်လုပ်ဆောင်မည် မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီက ပြောကြားသည်။

ဇွန်လ ၂၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုရေစီ အဖွဲ့ချုပ် (NLD ) ရုံးချုပ်၌ ပြုလုပ်သော ပါတီ၏ သတ္တမမြောက် ဗဟိုကော်မတီ အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဧရာဝတီတိုင်း ၀န်းကြီးချုပ်က သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ အစိုးရအချိန်တုန်းကတောင်မှ ပြည်သူတွေက လက်မခံဘူး ဆိုတော့ အခုကျောက်မီသွေးနဲ့ သွားလုပ်တော့ လက်ခံမလား စဉ်းစားကြည့်၊ အဲဒီအခါကြတော့ ကျွန်တော်တို့က ပြည်သူရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဘယ်တော့မှ မလုပ်ဘူး” ဟု ၄င်းကပြောကြားသည်။

ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် အခြားနည်း လမ်းများဖြင့် ထုတ်လုပ်ခြင်းထက် ကုန်ကျ စရိတ် ပိုမိုသက်သာသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ဧရာဝတီတိုင်း ၀န်ကြီးချုပ်ကမူ ပြည်သူကို ဒုက္ခပေးမည်ဆိုပါက ဈေးသက်သာတိုင်းလည်း သုံးမည်မဟုတ်ဟု ဆိုသည်။

“ဈေးပေါတာထက် ပြည်သူကို ဒုက္ခပေးမယ့်ဟာဆိုရင် ဈေးပေါတိုင်း မယူဘူး။ ဈေးပေါတာနဲ့ ဒုက္ခပေးမှာနဲ့ အန္တရာယ်နဲ့ဆိုရင် ဘယ်အန္တရာယ် ကို ယူမလဲ။ ဒါတို့အမြင်ပေါ့” ဟု ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးမန်းဂျော်နီက ပြောကြားသည်။

လတ်တလော အခြေအနေတွင် ကရင်ပြည်နယ် ၀တ်ကြီးကျေးရွာအနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်ပေးစက်ရုံ စီမံကိန်းအား ကရင်ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်း ၃၃ ဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment