တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသောကြောင့်ဟုဆိုကာ ကျောင်းသူတစ်ဦး ဆွဲကြိုးချသေဆုံး
ပုသိမ်မြို့နယ် မဒေါ့ကုန်းကျေးရွာတွင် ဇွန် ၂၄ ရက် နံနက် ၉ နာရီခန့်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသောကြောင့်ဟုဆိုကာ ကျောင်းသူတစ်ဦး မိမိကိုယ်မိမိ ဆွဲကြိုးချ သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် မဒေါ့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျင်သန်းက မိမိကျေးရွာအတွင်း လူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေသည်ဟု သတင်းရရှိသဖြင့် ဒေသခံနယ်မြေရဲစခန်းမှ တာဝန်ရှိသူများထံ သတင်းပို့၍ သွားရောက်စစ်ဆေးရာတွင် ယင်းကျေးရွာရှိ မနှင်းယုခိုင် အသက် (၁၇) နှစ် (ဘ) ဦးညွှန့်ထွေးမှာ ၎င်းနေအိမ်အနောက်ဘက်ရှိ အိမ်သာအတွင်းတွင် မိမိကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ဆွဲကြိုးချသေဆုံးရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ မိဘများနှင့် ပတ်ဝန်းကျင်နေထိုင်သူများထံ စုံစမ်းရာတွင် မနှင်းယုခိုင်မှာ ဒုတိယအကြိမ် တက္ကသိုလ်ဝင်တန်းအား ဖြေဆိုထားပြီး ကျောင်းတက်နေစဉ်ကာလ အတွင်းကတည်းက လပတ်စာမေးပွဲများတွင် အစဉ်အမြဲအောင်မြင်ကာ ဆုများရရှိသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများ ထွက်ပေါ်လာချိန်တွင် ကျရှုံးခဲ့ကြောင်း၊ ယင်းကဲ့သိုကျရှုံးခြင်းကြောင့် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေရခြင်းဖြစ်ကြောင်း မိဘများထံမှ သိရသည်။
မင်းသူဝင်းထွဋ် (မြောင်းမြ)
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment