Latest News

Friday, June 23, 2017

ထုတ်ပယ်ခံ ဂျိမ်းကိုမေနှင့် သီးသန့်တွေ့ဆုံ ပြောဆိုမှု မှတ်တမ်းတိပ်ခွေများ မရှိဟု ထရန့် ၀န်ခံ

ထုတ်ပယ်ခံ ဂျိမ်းကိုမေနှင့် သီးသန့်တွေ့ဆုံ ပြောဆိုမှု မှတ်တမ်းတိပ်ခွေများ မရှိဟု ထရန့် ၀န်ခံ

အိမ်ဖြူတော်ရုံးခန်းတွင် လျှို့ဝှက်မှတ်တမ်း တိပ်ခွေများ ရှိနေသည်ဟု ခန့်မှန်းမှုများ သီတင်းပတ်နှင့်ချီ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းနှင့် ထုတ်ပယ်ခံ အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး ဂျိမ်းကိုမေတို့အကြား သီးသန့်တွေ့ဆုံ ပြောဆိုမှု အသံသွင်းမှတ်တမ်း တိတ်ခွေများ မရှိကြောင်း ဇွန် ၂၂ ရက်တွင် ၀န်ခံခဲ့သည်။

ယင်းကဲ့သို့ အချိန်နှောင်းမှ ၀န်ခံမှုသည် ၎င်း၏ မဲဆွယ်အဖွဲ့နှင့် ရုရှားတို့အကြား ဖြစ်နိုင်ခြေရှိသော ပူးပေါင်းဆောင်ရွက်မှုအား စုံစမ်းစစ်ဆေးမှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့ကြောင်း ထရန့်ကို စွပ်စွဲချက်များအား အားလျော့စေရန် အနည်းငယ်သာ သက်ရောက်မှု ရှိခဲ့သည်။

မကြာသေးမီက သတင်းများတွင် ဖော်ပြနေသော အီလက်ထရွန်နစ် စောင့်ကြည့်ထောက်လှမ်းမှု၊ ကြားဖြတ်နားထောင်မှု၊ အမှန်ဖော်ထုတ်မှုနှင့် သတင်းအချက်အလက်များ တရားမ၀င် ဖွင့်ချမှုတို့နှင့်အတူ  ၎င်းနှင့် ဂျိမ်းကိုမေတို့အကြား ပြောဆိုမှုများအား မှတ်တမ်းတင်ထားမှု သို့မဟုတ် တိပ်ခွေများ ရှိ မရှိကို မသိကြောင်း၊ သို့သော် ယင်းကဲ့သို့ မှတ်တမ်းတင်မှုများကို ၎င်းက မပြုလုပ်ကြောင်းနှင့် မှတ်တမ်းများလည်း မရှိကြောင်း ထရန့်က Twitter တွင် ရေးသားခဲ့သည်။ မေ ၉ ရက်တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ဂျိမ်းကိုမေနှင့် ၎င်းတို့အကြား အသံမှတ်တမ်းများ ရှိနိုင်ကြောင်း အခိုင်အမာ ပြောကြားထားမှုကို အိမ်ဖြူတော်က သက်သေပြရန် သီတင်းပတ်နှင့်ချီ စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် ထရန့်က ယခုကဲ့သို့ ၀န်ခံခဲ့ခြင်းဖြစ်သည်။

ရုရှား အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးနေသည့် ကိုမေအား ထုတ်ပယ်ခဲ့မှုအတွက် အကြီးအကျယ် ဝေဖန်ခံခဲ့ရသည့် ထရန့်က ကိုမေအနေဖြင့် ၎င်းတို့နှစ်ဦးအကြား သီးသန့်တွေ့ဆုံမှုမှ ပြောဆိုမှုများအား ထုတ်ပြန်လျှင် တုံ့ပြန်ခံရမည်ဟု မေ ၁၂ ရက်တွင် Twitter ၌ သတိပေးခဲ့သည်။ ယင်းမှတ်ချက်ကြောင့် ယခင် အမေရိကန် သမ္မတဟောင်းများကဲ့သို့ပင် အိမ်ဖြူတော်တွင် ပြောဆိုဆွေးနွေးမှု အားလုံးကို ထရန့်က လျှို့ဝှက် မှတ်တမ်းတင်ထားမည်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

ဇွန် ၈ ရက်က ကွန်ဂရက်တွင် ကြားနာမှု၌ ကိုမေက ၎င်းနှင့်ထရန့်အကြား သီးသန့်တွေ့ဆုံမှုများမှ ဆွေးနွေးမှုများကို ထုတ်ဖော်ခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များ မှန်ကန်ကြောင်း အထောက်အပံ့ဖြစ်စေရန် အသံသွင်းမှတ်တမ်းများ ရှိလိမ့်မည်ဟု မျှော်လင့်ထားသည်။ ရုရှားအရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှုတွင် ထရန့်က ၀င်ရောက်နှောင့်ယှက်ခဲ့ကြောင်း စွပ်စွဲချက်များ မှန်ကန်ကြောင်း ပြသရန် ကြိုးပမ်းနေသည့် ဒီမိုကရက်များက ထရန့်အား တိပ်ခွေများ ထုတ်ပြန်ရန် တောင်းဆိုခဲ့သည်။

ကိုမေနှင့် သီးသန့် ဆွေးနွေးမှုများအား မှတ်တမ်းတင်ထားသည်ဟု ယူဆရသော တိပ်ခွေများကို အိမ်ဖြူတော်က ဇွန် ၂၃ ရက်မတိုင်မီ ထုတ်ပြန်ရန် ပျက်ကွက်လျှင် ထရန့်အား သမ္မန်စာဖြင့် ဆင့်ခေါ်မည်ဟု ရုရှားအရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးနေသည့်  အောက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီမှ ဒီမိုကရက် အမတ်များက ခြိမ်းခြောက်ခဲ့သည်။ တိပ်ခွေများနှင့် ပတ်သက်၍ ခန့်မှန်းမှုများအား ထရန့်က မကြာမီကာလတွင် မေးခွန်းများကို တုံ့ပြန်သွားမည် ဖြစ်ကြောင်း ထရန့်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။

Ref: AFP

Eleven Media Group

No comments:

Post a Comment