Latest News

Wednesday, June 28, 2017

ချန်ပီယံဆုအတွက် အစွမ်းကုန်တိုက်ခိုက်မည့် မြန်မာ့စပါးကြီးမြွှေ

ချန်ပီယံဆုအတွက် အစွမ်းကုန်တိုက်ခိုက်မည့် မြန်မာ့စပါးကြီးမြွှေ

ကြိုးဝိုင်းကြမ်းပြင်ပေါ်၌ စပါးကြီး မြွေကဲ့သို့ ချုပ်ကိုင်နိုင်မှုစွမ်းအား မြင့်မားကာ ပြိုင်ဘက်များကို အသက်ရှူခွင့်မပေးဘဲ ချုပ်ကွက်ဖြင့် အနိုင်ယူတတ်သူဟု နာမည်ကြီးသူသည် ကချင်တိုင်းရင်းသား အမေရိကန်နိုင်ငံသားအောင်လအန်ဆန်ဖြစ်သည်။ သူက အမိမြေတွင် ရွှေ ခါးပတ်ရယူကာ နိုင်ငံတကာအလယ်တွင် လက်မထောင်နိုင်ရန် စိတ်အားထက်သန်နေသည်။

ဇွန်လ ၃၀ ရက်တွင် ရန်ကုန် မြို့ အမျိုးသားအားကစားရုံ-၁ သုဝဏ္ဏ၌ ယှဉ်ပြိုင်မည့် One Championship (MMA) ပြိုင်ပွဲ၏ အဓိကပွဲစဉ်အဖြစ် မစ်ဒယ်ဝိတ် တန်း လက်ရှိ ကမ္ဘာ့ချန်ပီယံ ရုရှား နိုင်ငံသား ဘစ်ဒ်ရှက်ကို အောင်လ အန်ဆန်က မကျေပွဲ ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီက အင် ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်း ပခဲ့သည့် ကိုယ်ခံပညာပေါင်းစုံ အ သုံးပြုယှဉ်ပြိုင်သည့် MMA One Championship ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်ရာ အောင်လက အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ ပြီး ချန်ပီယံအိပ်မက် ပျက်ပြယ်ခဲ့သည်။

ယခုတော့ အမိမြေပရိသတ် ရှေ့မှောက်တွင် ရှုံးကြွေးဆပ်ခွင့်ရ ပြီဖြစ်သည်။

ယင်းပွဲစဉ်တွင် မူလက ဘစ် ဒက်ရှ်နှင့်ပိုလန်နိုင်ငံသား ပါချီနိုတို့ ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပိုလန်နိုင်ငံသားက လေ့ကျင့်နေ စဉ် ဒဏ်ရာရရှိခဲ့၍ ပြိုင်ပွဲမှ နုတ် ထွက်ခဲ့သဖြင့် ပြိုင်ပွဲစီစဉ်သူများ က အောင်လကို ကမ်းလှမ်းခဲ့ရာ အောင်လက ပြင်ဆင်ချိန်နည်း သော်လည်း ချန်ပီယံခါးပတ်ကို ရယူလိုသည့်စိတ်ဖြင့် လက်ခံခဲ့ သည်။

 ‘‘အောင်လအန်ဆန်ဟာ ကျွန်တော်ယှဉ်ပြိုင်ခဲ့ဖူးသမျှ ပြိုင် ဘက်တွေထဲမှာ အမာဆုံးနဲ့ အ တောင့်ခံနိုင်ဆုံးသူတစ်ယောက် ဖြစ်ပါတယ်။ အခုလို သူ့ရဲ့ဇာတိ မြေမှာ လာရောက်ယှဉ်ပြိုင်ရတဲ့အ တွက် ဂုဏ်ယူမိပါတယ်။ ကြိုးဝိုင်း ထဲကို ပြန်ဝင်လာရတဲ့အတွက် စိတ်လှုပ်ရှားမိပြီး ဒီပွဲဟာ မြန်မာ နိုင်ငံမှာ ခမ်းနားကြီးကျယ်တဲ့ ပြိုင် ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ အောင်လ အန်ဆန်နဲ့ သူ့ရဲ့ ထိုးသတ်ပုံတွေကို လေးစားပေမယ့်လည်း ကျွန်တော် အိမ်ကိုပြန်တဲ့အခါမှာတော့ အောင် မြင်မှုနဲ့အတူပြန်သွားမှာပါ။ ပြီး တော့ ချန်ပီယံခါးပတ်ကလည်း ကျွန်တော့်ပခုံးပေါ်မှာပဲ ရှိနေမှာပါ’’ ဟု ဘစ်ဒက်ရှ်က ပြောသည်။

အောင်လသည် ချန်ပီယံကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယအခွင့်အ ရေးအတွက် အသေအချာပြင်ဆင် နေသည်။ ကိုယ်ခန္ဓာတောင့်တင်း ကာ အဆီပိုများမရှိစေရန် ဆရာ ၀န်နှင့် တိုင်ပင်ပြီး အစားအ သောက်ပုံစံကအစ ပြုပြင်ကာ ချန် ပီယံခါးပတ်အတွက် အပြင်းအ ထန်လေ့ကျင့်နေကြောင်း မြင်တွေ့နေရသည်။ ပြင်းထန်သော လေ့ကျင့်မှုများကြောင့် ငါးလကျော်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင် လျော့ကျသွားသည်။

သက်လုံပိုင်းအတွက် အချိန် ပိုလေ့ကျင့်ခဲ့ပြီး ပထမပွဲစဉ်က ရရှိသည့် ဒဏ်ရာများက ချုပ်ရိုးမဖြေရသေးဘဲ ဆရာဝန်က လေ့ကျင့်မှု မပြုလုပ်ရန် မှာကြားထားသော် လည်း အောင်လက ဆရာဝန် မသိအောင် လေ့ကျင့်ခဲ့သည်။

‘‘ပထမပွဲမှာရခဲ့တဲ့ သူ့ရဲ့ဒဏ် ရာက ချုပ်ရိုးတောင် မဖြေရသေး တဲ့ အချိန်မှာ ဆရာဝန်က လေ့ ကျင့်မှုမလုပ်ဖို့ တားတယ်။ ဒါကို သူခိုးပြီး လေ့ကျင့်တယ်။ အခုယှဉ် ပြိုင်မယ့်ပွဲက သူသေရင်သေ၊ မသေရင်တော့ ချန်ပီယံဖြစ်မှာပဲ’’ ဟု အောင်လ၏ မန်နေဂျာအဖြစ် ကူညီနေသော ဦးဘုန်းကျော်မိုးမြင့်က ဆိုသည်။

၁၀ ပွဲဆက် ရှုံးပွဲမရှိစံချိန်ဖြင့် နိုင်ပွဲဆက်နေသည့် ရုရှားနိုင်ငံသားဘစ်ရှ်ဒက်ကို အနိုင်ယူရန် အောင်လသည် တစ်ရက်လျှင် ခြောက်နာရီခန့် လေ့ကျင့်ခဲ့သည်။အားနည်းချက်၊ ဟာကွက်များ မရှိစေရန် နည်းပြ ဆရာများနှင့် အချိန်ယူပြင်ဆင်ခဲ့သည်။

လက်သီးထိုးအားပြင်းရန် သဲအိတ်များကို နေ့စဉ်လေ့ကျင့်ချိန်တစ်ဝက်ခန့် တိုးကာ ပြင်ဆင်နေသည့် အောင်လက ယခုတစ်ကြိမ်တွင် အလဲထိုးဖြင့် ချန်ပီယံခါးပတ်ရရှိရန် မျှော်လင့်ထားသည်။

အောင်လထက် အသက် တစ်နှစ်ပိုကြီးသည့် ဘစ်ဒက်ရှ်က MMA သက်တမ်းတစ်လျှောက် ပြိုင်ပွဲ ၁၀ ပွဲသာ ယှဉ်ပြိုင်ထားဖူး ပြီး အောင်လက ၂၉ ပွဲ ယှဉ်ပြိုင်ကာ ပွဲအတွေ့အကြုံပိုများသည်။ အာ ရှတွင် လာရောက်ယှဉ်ပြိုင်သော လေးပွဲတွင် အောင်လက သုံးပွဲ နိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။

မြန်မာ့စပါးကြီးမြွေက ပြိုင် ဘက်၏ အားနည်းချက်များကို လေ့လာ၍ အမေရိကန်နိုင်ငံ၌ ရှိ နေစဉ်အတွင်း မစ်ဒယ်ဝိတ်တန်း ဖိုက်တာများကို ၎င်း၏ကလပ်အ သင်းသို့ ဖိတ်ခေါ်ကာ အစွမ်းကုန် လေ့ကျင့်ခဲ့သည်။

‘‘ကျွန်တော့်ရဲ့ ပြိုင်ဘက်က ဂျူဒိုကစားတာ အရမ်းကောင်း တယ်။ ဒါပေမဲ့ လက်သီးပြင်းအား ပျော့တယ်’’ဟု အောင်လက ဆို သည်။

၎င်းသည် အမေရိကန် နိုင်ငံမှ ရန်ကုန်သို့ ထွက်ခွာလာစဉ် လေယာဉ်ဆိုက်ရောက်ချိန် နှောင့်နှေးခြင်းကြောင့် ဇွန်လ ၂၁ ရက်ညဥ့်သန်းခေါင်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ချန်ပီယံဆုဆွတ်ခူးရန် အပြင်းအထန်လေ့ကျင့်နေသည်။

ရှုံးပွဲမရှိ လက်ရှိချန်ပီယံ ဘစ် ဒက်ရှ် ကမူ ‘‘ဒီမကျေပွဲက ကျွန်တော့်အတွက် တော်တော်လေးခက်ခဲမှာ ပါ။ ဒါပေမဲ့ ကျွန်တော့်ဆီက ချန်ပီယံခါးပတ်ကိုတော့ လွယ် လွယ်နဲ့တော့ မရနိုင်ပါဘူး’’ဟု ပြောသည်။

‘‘ဇနီးနဲ့သားက ကျွန်တော့်အ တွက် အကောင်းဆုံး ခွန်အားတွေ ကို ပေးစွမ်းပါတယ်။ ကျွန်တော့် သားအတွက် ချန်ပီယံခါးပတ်က အရေးကြီးတယ်။ ကစားသမား ဘ၀အနားယူခဲ့ရင်လည်း ချန်ပီယံ အဖြစ်နဲ့ပဲ အနားယူချင်တယ်’’ဟု ဘစ်ဒက်ရှ်က သားဖြစ်သူ၏ စံပြ ပုဂ္ဂိုလ်ဖြစ်ရေး အလျှော့ပေးမည်မ ဟုတ်ဟုဆိုသည်။

အောင်လသည် လက်ရှိချန်ပီယံကို အနိုင်ရရှိရန် မလွယ်ကူသော် လည်း မြန်မာနိုင်ငံနှင့် ကချင်လူမျိုးများအတွက် အကောင်းဆုံး ကြိုးစားမည်ဟု ယုံကြည်ကြောင်း၊ မိခင်နိုင်ငံ၌ ယှဉ်ပြိုင်ရမည့်ပွဲကြောင့် အောင်လ ပိုမိုအသာစီးရ ရှိကာ အနိုင်ရမည်ဟု ယုံကြည် ကြောင်း အောင်လ၏ အမာခံပရိ သတ် ကိုအောင်ဝင်းက ပြော သည်။

‘‘ပထမပွဲရှုံးခဲ့တော့ တော် တော်လေးစိတ်မကောင်းဖြစ်ခဲ့ တယ်။ ဒါပေမဲ့ သူ့ရဲ့ ကြိုးစားမှုကို တော့ ချီးကျူးပါတယ်။ နောက်ဆုံး အချီထိသူအရှုံးမပေးဘဲ စိတ်ဓာတ် အပြည့်နဲ့ ပြိုင်ခဲ့တယ်။ ပြိုင်ဘက် က သူ့ထက်သာနေတဲ့အတွက် သူ ဘယ်လိုမှ မယှဉ်နိုင်ဘဲ အရှုံးပေးခဲ့ ရတယ်။ ဒီတစ်ခေါက်မှာတော့ သူ ပြန်လာနိုင်မှာပါ။ သူ့အတွက် ဘုရားသခင်ဆီမှာ ဆုတောင်းပေး နေပါတယ်’’ဟု ကိုအောင်ဝင်းက ဆိုသည်။

(၃၂)နှစ်အရွယ် အောင်လက ယခုအသက်အရွယ်သည် ချန်ပီယံဆုအတွက်  အကောင်းဆုံးအနေအထားတွင်ရှိနေပြီး အကယ်၍ ယခုတစ်ကြိမ် ချန်ပီယံနှင့်လွဲချော်ခဲ့ပါက စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားနေဦးမည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံနှင့် ကချင်လူမျိုးများအတွက် စံပြလူသားတစ်ဦးအဖြစ် ရပ်တည်လိုကြောင်း သူ၏ ဆန္ဒကို ဖွင့်ဟ ပြောသည်။

‘‘ချန်ပီယံခါးပတ်က ကျွန် တော့်အတွက်တင်မဟုတ်ဘူး။ မြန်မာနိုင်ငံအတွက်လည်းအရေး ပါတယ်’’ဟု အောင်လက ပြော သည်။ ထို့ကြောင့် ပရိသတ်အား ပေးမှု အရေးကြီးကြောင်း သူက ဆက်လက်ပြောကြားသည်။

‘‘သူက ချန်ပီယံမဖြစ်ဘဲ ကြိုး ၀ိုင်းထဲက ပြန်ထွက်လာမှာမဟုတ် ဘူး’’ဟု အောင်လ၏ မန်နေဂျာ ဦးဘုန်းကျော်မိုးမြင့်ကပြောသည်။

7Day News

No comments:

Post a Comment