Latest News

Sunday, June 4, 2017

တာချီလိတ်၌ ရပ်ထားသော ဆိုင်ကယ်ခိုးသူ နှစ်ဦးအား ဖမ်းဆီးရမိ



တာချီလိတ် ဇွန် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးအနီးရပ်ထားသော ဆိုင်ကယ်တစ်စီး ခိုးသူ နှစ်ဦးအား ဇွန် ၃ ရက် ညနေ ၅ နာရီ ကျော်က ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ ဇွန် ၃ ရက် နံနက် ၁ဝ နာရီက ဦးသန့်ဇင်အောင်သည် ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးအနီးရှိ ကုန်စုံဆိုင်တွင် ဈေးဝယ်ရန်အတွက် Honda Wave 125 နက်ပြာရောင်၊ ဆိုင်ကယ်အား သော့တန်းလန်းဖြင့် အာခါဈေးလမ်းဘေးတွင်ရပ်ထားခဲ့ပြီး ကုန်စုံဆိုင်အတွင်း ဈေးဝယ်ကာ ၅ မိနစ်ခန့်အကြာ ပြန်ထွက်လာစဉ် ရပ်ထားသည့်နေရာတွင် ဆိုင်ကယ်မှာ မရှိတော့ဘဲ ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် လိုက်လံစုံစမ်းရာ ဆိုင်ကယ်အား စိုင်းအောင်ခမ်းနှင့် လေဝူး(ခ)လျှံရှောက်ဝူ တို့နှစ်ဦးမှ ခိုးယူထားကြောင်း စုံစမ်းသိရသဖြင့် ၄င်းတို့ နှစ်ဦးအား ဖမ်းဆီးရမိသည်။

အမှုမှ ဆိုင်ကယ်ခိုးယူသူ စိုင်းအောင်ခမ်း(၄၂ နှစ်)၊ အမှတ်(၃)ရပ်ကွက်၊ မိုင်းယောင်းမြို့နေသူနှင့် လေဝူး(ခ)လျှံရှောက်ဝူး (၄၄ နှစ်)၊ အာခါဈေးနောက်၊ ဝိန်းကျောက် ရပ်ကွက်၊ တာချီလိတ်မြို့နေသူတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment