Latest News

Sunday, June 4, 2017

၈၈ နောက်ပိုင်း သိမ်းဆည်းထားပြီး မသုံးတဲ့လယ်မြေတွေပြန်ပေးမည်

၈၈ နောက်ပိုင်း သိမ်းဆည်းထားပြီး မသုံးတဲ့လယ်မြေတွေပြန်ပေးမည်

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အစိုးရကသိမ်းဆည်းထားပြီး အသုံးမပြုတဲ့ လယ်ယာမြေတွေကို သက်ဆိုင်ရာ တောင်သူလယ်သမားတွေကိုပြန်လည်ပေးအပ်သွားမယ်လို့ အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်ဦးဝင်းထိန်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် စည်ပင်ရိပ်သာထဲက ယူနီစန်လက်ဖက်ရည်ဆိုင်မှာ ကျင်းပတဲ့ အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ အဲဒီလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှာ အချို့ပြည်နယ်နဲ့ တိုင်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေမပါလို့ ပြန်လည်ညှိနှိုင်းနေတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ အစည်းအဝေးမှာ အင်န်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိကို လာဘ်စားတယ်လို့ စွပ်စွဲထားတဲ့ ကိစ္စကိုလည်း ဥပဒေအတိုင်းသာဖြစ်ပြီး ပါတီက ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ဦးဝင်းထိန်က ပြောပါတယ်။

Photo: Win Ko Ko Latt/RFA

No comments:

Post a Comment