Latest News

Tuesday, June 27, 2017

ဘဏ်အကောင့်သစ်များဖွင့်ပြီး ကုန်သွယ်ဖို့ မြန်မာ-တရုတ်နှစ်နိုင်ငံ ကနသဘောတူထား

ဘဏ်အကောင့်သစ်များဖွင့်ပြီး ကုန်သွယ်ဖို့ မြန်မာ-တရုတ်နှစ်နိုင်ငံ ကနသဘောတူထား

ရန်ကုန်၊ ဇွန် ၂၄ – မူဆယ်နယ်စပ်မှာ တရုတ်နိုင်ငံဘက်ကဘဏ် စာရင်းပိတ်ခံထားရတဲ့ မြန်မာကုန်သည်တွေကို ဘဏ်စာရင်းအ သစ်ပြန်ဖွင့်ပြီး ကုန်သွယ်ဖို့အတွက် တရုတ်နိုင်ငံဘက်က ရွှေလီဒုတိယမြို့တော်ဝန် ဦးဆောင်တဲ့ အဖွဲ့နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ သဘောတူညီမှုရရှိထားတယ် လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ကပြောပါတယ်။

သည်လ ၂၃ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်မှာကျင်းပတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဦးရန်နိုင်ထွန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြီးခဲ့တဲ့ ၁၈ ရက် နေ့က ရွှေလီဒုတိယ မြို့တော်ဝန်ဦးစီးတဲ့အဖွဲ့နဲ့ တွေ့ပါတယ်၊ လောလောဆယ်ပိတ်ထားတဲ့ အကောင့်တွေနဲ့ မဖွင့်ဘဲနဲ့ အကောင့်အသစ်ဖွင့်ဖို့ အားလုံးလက်ခံဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်လို့ ရွှေလီဒုတိယမြို့တော်ဝန်နဲ့တွေ့ဆုံဆွေးနွေး ချက်ကို ပြောပြပါတယ်။ ဘဏ်စာရင်းအသစ်ပြန်ဖွင့်ပြီး ကုန်သွယ်ရေးလုပ်ငန်း ကပြန်အဆင် ပြေမှာဖြစ်ပေမဲ့ ပြည်တွင်းက ကုန်သည်တွေရဲ့ငွေတွေအပိတ်ခံ ထားရတာဖြစ်ပါတယ်။

တရုတ်ဘဏ်ထဲမှာ ပိတ်ထားတဲ့ငွေတွေက တစ်ဖက်ကိုကုန်ဖိုးချေရ မယ့်ငွေတွေရှိသလို တစ်ဖက်က ဒါနဲ့ကုန်ပြန်ဝယ်ရမယ့်ငွေတွေ လည်း ရှိပါတယ်။  အပိတ်ခံထားရတဲ့ ဘဏ်စာရင်းတွေ ပြန်ဖွင့်ပေးဖို့အမြန်ဆုံးဆောင်ရွက်ပေးနိုင် မှ ကုန်သွယ်မှုမှာပုံမှန်ပြန်ဖြစ်မှာလို့ တရုတ်နိုင်ငံဘက် ကို ပြောထားတယ်လို့ ဦးရန်နိုင်ထွန်းက ပြောပြပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ABC ဘဏ် (Agricultural Bank of China) ဘဏ်မှာ အပ်နှံထားတဲ့ ကုန်သည်များရဲ့ငွေစာရင်း ဇွန်လ ၁၈ ရက်နေ့ စာရင်းအရတရုတ်ယွမ်ငွေ ၂၉၈.၅ သန်း၊ မြန်မာကျပ်ငွေ သန်း ၅၀ ခန့်ရှိနေ တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသားဘဏ်အကောင့်တွေကို ဇွန်လ ၁၅ ရက်နေ့က ပိတ်သိမ်းလိုက်တယ်လို့ ကြော်ငြာခဲ့တာဖြစ်ပါတယ်။  ဘဏ်စာရင်းတွေပိတ်သိမ်းရတာက အွန်လိုင်းလောင်းကစားမှုတွေ ရှိနေတာကြောင့်ဖြစ် တယ်လို့ တရုတ်နိုင်ငံဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

လောင်းကစားထဲမပါတဲ့အကောင့်တွေစစ်ဆေးပြီးပြန်ဖွင့်ပေးဖို့ ပြောနေတယ်။ တောက်လျှောက်တော့ အင်တိုက်အားတိုက်လုပ်နေတယ်။ ဘဏ်စာရင်းတွေအပိတ်ခံထားရတာကြောင့် တရုတ်နိုင်ငံကို ဆန်တင်ပို့မှုကတစ်နေ့အစီး ၁၀ဝ လောက်ရှိတဲ့အနေအထားကနေ ၆၀ လောက်အထိကျသွားတာဖြစ်ပါတယ်။

ဆန်တင်ပို့မှုကျနေပေမဲ့ ကျန်တဲ့ကုန်သွယ်မှုက ပုံမှန်အခြေအနေ မှာရှိနေပြီး သည်လလယ်အထိကုန်သွယ်မှု မနှစ်ကကာလတူထက် တစ်ဘီလျံတိုးတက်နေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများ အရ သိရပါတယ်။

ပို့ပို့၊ အေးအေးအောင်/Kumudra

No comments:

Post a Comment