Latest News

Sunday, June 25, 2017

ကုမ္မဏီ ၅၀ကျော်ရဲ့ အိမ်ရာစီမံကိန်း ၁၅၀ကျော်ပြသမယ့် အိမ်ရာပြပွဲ

ကုမ္မဏီ ၅၀ကျော်ရဲ့ အိမ်ရာစီမံကိန်း ၁၅၀ကျော်ပြသမယ့် အိမ်ရာပြပွဲ

ကျပ်သိန်း၂၅၀ ကနေ သိန်း ၁၀ဝ၀ အတွင်း တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲကို ဇွန် ၃၀ ရက်ကနေ ဇူလိုင်၂ ရက် အထိကျင်းပမှာဖြစ်ပြီး ပွဲအတွင်း ပထမဆုံးအိမ်ရာဝယ်ယူသူ ၁၀ ဦးကို စင်ကာပူ နှစ်ညအိပ်သုံးရက် ခရီးစဉ်လက်ဆောင်ပေးသွားမှာဖြစ် တယ်လို့ သိရပါတယ်။

ပြပွဲရက်အတွင်းမှာနာမည်ကြီး ဆောက်လုပ်ရေးကုမ္မဏီ ၅၀ ကျော်ပါ ဝင်ပြသမှာဖြစ်ပြီး အိမ်ရာစီမံကိန်းပေါင်း ၁၅၀ ကျော်ကိုတစ်နှစ်ကနေ ၁၅ နှစ်အတွင်း အရစ်ကျငွေပေးချေစနစ်နဲ့ အတူလျှော့ဈေးတွေနဲ့ပါ ရောင်းချပေးမှာဖြစ်ပါ တယ်။ ဒါ့အပြင် ပြပွဲအတွင်းဝယ်ယူသူတွေ အတွက်မြန်မာနိုင်ငံရဲအထင်ကရ ဘဏ်တွေကလည်းပြပွဲရက်အတွင်း အိမ်ရာဝယ်ယူနိုင်ဖို့ ချေးငွေပမာဏ သိန်း၂၀ဝ က စပြီးအထူးနှုန်း ထားတွေနဲ့ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။
ပြပွဲမှာ ကျပ်သိန်း၂၅၀ကနေ ၁၀ဝ၀ အတွင်းတန်ဖိုးသင့်အိမ်ရာ စီမံကိန်းတွေပါဝင်မှာဖြစ်လို့ မိမိတို့ကြိုက်နှစ်သက်ရာဈေးနှုန်းအနေ အထားကိုလည်းရွေးပြီးတော့ ဝယ်ယူနိုင်ပါတယ်။

ဒါ့အပြင်တစ်နေရာထဲမှာ ရွေးချယ်စရာအိမ်ရာပေါင်းများစွာရှိနေတဲ့ အိမ်ခြံမြေပွဲဖြစ်နေတဲ့အတွက်လက်မလွှတ်သင့်တဲ့ အခွင့်အရေး လည်းဖြစ်တယ်။ ဒါ့အပြင်အရစ်ကျနဲ့ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက်အခွင့်ကောင်းတစ်ရပ်လည်းဖြစ် တယ်လို့ Shwe Property ရဲ့ Content Manager ကိုစည်သူဖြိုးက ပြောပါတယ်။ ပြပွဲကိုတော့ ဇွန်လ ၃၀ ရက်ကနေ ဇူလိုင် ၂ ရက်အထိ တပ်မတော် ခန်းမမှာ မနက် ၉းဝ၀နာရီက ညနေ ၅းဝ၀ နာရီအထိသုံးရက် တိုင်တိုင်စည်ကား သိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်။ အထူးအစီအစဉ်အနေနဲ့ကံစမ်းမဲဖောက်ပေးမှာဖြစ်သလိုတခြားပျော်ရွှင် စရာအစီအစဉ်တွေကိုလည်းပါဝင်မှာဖြစ်ပါတယ်။
မေသက်/Kumudra

No comments:

Post a Comment