Latest News

Sunday, June 25, 2017

The Voice နေ့စဉ်သတင်းစာ အမှု သတင်းမီဒီယာဥပဒေနဲ့သာအရေးယူဖို့တင်ပြထား

The Voice နေ့စဉ်သတင်းစာ အမှု သတင်းမီဒီယာဥပဒေနဲ့သာအရေးယူဖို့တင်ပြထား

ဆက်သွယ်ရေးဥပဒေပုဒ် ၆၆(ဃ)နဲ့တရားစွဲဆိုခံထားရတဲ့ The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ်အမှုနဲ့ပတ်သတ်ပြီး သတင်းမီဒီယာဥပဒေနဲ့သာ အရေးယူသင့်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနကို အကြောင်းကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က The Voice Daily သတင်းစာတိုက်ကနေ ပြန်ကြားရေး ဝန်ကြီးဌာနကို လိပ်မူပြီး ပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်ဇွန်လ၂၃ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့်နဲ့ အယ်ဒီတာအဖွဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

“ကျွန်တော်တို့ကို ပြီးခဲ့တဲ့သောကြာနေ့က ဝန်ကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ကို ဝန်ကြီးကတော့ သူတတ်နိုင်တဲ့ ဘက်ကကူညီပေးသွားမယ်လို့ ပြောပါတယ်။” လို့ The Voice Daily သတင်းစာ တာဝန်ခံအယ်ဒီတာ ဦးကျော်ဆန်းမင်းက ပြောပါတယ်။ The Voice နေ့စဉ်သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာ ဆောင်းပါးဟာ တပ်မတော်ကိုဂုဏ်သရေညိုးနွမ်းစေတယ် လို့ဆိုကာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင်ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်းမြို့မရဲစခန်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြု တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် ရုံးထုတ်တဲ့ဇွန်လ ၁၆ရက်နေ့မှာတော့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်ဟာ အမှုနဲ့မသက်ဆိုင်တာကြောင့် ပြန်လည်လွတ် မြောက်လာခဲ့ပါတယ်။ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို အာမခံပေးဖို့ တောင်းဆိုခဲ့ပေမယ့် သုံးကြိမ်တိုင်တိုင်ပယ်ချခံခဲ့ရပါတယ်။
ဝင်းနန္ဒာ/Kumudra

No comments:

Post a Comment