Latest News

Tuesday, June 13, 2017

စွယ်တော်မြတ်စေတီရောက် သင်ဇာဝင့်ကျော်ရဲ့ မြန်မာဆန်ဆန်အလှ

စွယ်တော်မြတ်စေတီရောက် သင်ဇာဝင့်ကျော်ရဲ့ မြန်မာဆန်ဆန်အလှ


ကြည့်ရတာ ရင်ကို အေးချမ်းစေပါတယ်

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဖက်ဖူးစိမ်းရောင် မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိလွန်းနေပြန်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ ခေတ်မီလွန်းတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် ပရိသတ်အများအပြားရဲ့ဝေဖန်မှုတွေကို ခံနေရသူဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူမဟာ လိုအပ်လာရင်လည်း မြန်မာအဆန်ဆုံးနဲ့ အလှဆုံးဖြစ်အောင် ၀တ်ဆင်နိုင်သူပါ။

ဒီနေ့ (ဇွန်လ ၁၄ ရက်) မှာ သူမတင်လိုက်တဲ့ ပုံလေးတွေဆိုရင် ဘယ်လောက်တောင် ကျက်သရေရှိသလိုက်သလဲ။
သင်ဇာဝင့်ကျော်ဟာ အဝတ်အစားနဲ့ ပတ်သက်လာရင် သူမစိတ်ကြိုက်သာ အမြဲဝတ်ဆင်လေ့ရှိပြီး ဝေဖန်မှုတွေကို အမှုမထားသူလည်း ဖြစ်ပါတယ်။

"ကြိုက်ရင်ကြည့်၊ မကြိုက်ရင် ကျော်သွားပေါ့။ ကိုယ်က မင်းသမီးတစ်ယောက်ဖြစ်တဲ့ အတွက် တစ်ခါတစ်လေဆိုရင် မကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကာရိုက်တာ အရ စကပ်တိုတွေ ၀တ်ရတာမျိုးရှိတယ် နောက်ထပ် ကြော်ငြာတွေ လာငှားလို့ ကုမ္မဏီက ဒီလိုပုံစံလေး ၀တ်ပေးပါ ဆိုရင်လည်းဝတ်ရမှာပဲ ရွေးပိုင်ခွင့်ဆိုတာက ငြင်းဖို့နဲ့ ရိုက်ဖို့ပဲ ရှိတယ်" လို့ သင်ဇာဝင့်ကျော်က Duwun Media ကို ဖြေကြားခဲ့ဖူးပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ခန္ဓာကိုယ်အလှအပေါ် ယုံကြည်မှုရှိသူဖြစ်ပြီး ငယ်ရွယ်တုန်းမှာ အလှဓာတ်ပုံတွေကို မငြင်းဆန်ဘဲ ရိုက်ကူးတယ်လို့လည်း ပွင့်လင်းစွာ ဆိုခဲ့ဖူးပါတယ်။

သူမဟာ မကြာခင်က တည်ကြက် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ ဇာတ်ကားမှာတော့ သူမနဲ့ အတူ  နေတိုးနဲ့ မင်းသမီးငါးဦး ပါဝင်ပြီး ရတနာမြေ ပုံကိုရှာဖွေတဲ့ ဇာတ်လမ်းဖြစ်ကာ ဖိုက်တင်ဇာတ်ဝင်ခန်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။
Photo : သင်ဇာဝင့်ကျော် ဖေ့စ်ဘွတ်
Duwun

No comments:

Post a Comment