Latest News

Tuesday, June 13, 2017

ဖိလစ်ပိုင်၌ ယာဉ်မတော်တဆမှုဖြစ်ပွားရာ ၉ ဦးသေ ၊ ၇ ဦးဒဏ်ရာရ

ဖိလစ်ပိုင်၌ ယာဉ်မတော်တဆမှုဖြစ်ပွားရာ ၉ ဦးသေ ၊ ၇ ဦးဒဏ်ရာရ

ဒါဗာအိုစီးတီး ၊ ဖိလစ်ပိုင် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဖြစ်သော ဒါဗာအိုမြို့ အနီး၌ ယနေ့ (ဇွန်လ ၁၄ ရက်) နံနက်အစောပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၉ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ က ဆိုသည်။
ယာဉ်တိုက်မှုကြောင့် အခြား လူ ၇ ဦးမှာလည်း ဒဏ်ရာရသွားကြောင်း ၊ ၄င်းတို့ အနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ၊ ဘူဝမ်နာခရိုင် ဒါဗာအိုမြို့ အဝေးပြေးလမ်းပေါ်တွင် မျက်နှာချင်းမောင်းနှင်လာသော ထရက်ကားတစ်စီးနှင့် တိုက်မိပြီးနောက် ခရီးသည်တင် ဗင်ကားတစ်စီးပေါ်မှ ခရီးသည်များ သေဆုံး ၊ ဒဏ်ရာရမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ တော်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး Alexander Tagum က ဆိုသည်။
ဒေသစံတော်ချိန် နံနက် ၅ နာရီတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုကြောင့် ဗင်ကားဒရိုက်ဘာ နှင့် ခရီးသည် ၈ ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း Tagum က ဆိုသည်။
မြို့ တော်အရေးပေါ်ကယ်ဆယ်ရေးစင်တာ ၉၁၁ နှင့် ရဲတပ်ဖွဲ့ ဝင်များသည် အခင်းဖြစ်နေရာသို့ အလျင်အမြန်သွားရောက်ခဲ့ပြီး ကားအတွင်းပိတ်မိနေသူများကို လက်ကိုက်ဖောက်စက်များအသုံးပြု၍ ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရဲအရာရှိက ဆိုသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ယာဉ်များပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း ၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း နှင့် လမ်းမကောင်းခြင်းတို့ သည် ယာဉ်မတော်တဆမှုများဖြစ်ပွားရသည့် အကြောင်းအရာများဖြစ်သည်။(Xinhua)

No comments:

Post a Comment