Latest News

Wednesday, June 28, 2017

သကြားအိတ်များတင်ဆောင်လာသော ၁၈ ဘီးယာဉ်တိမ်းမှောက်

သကြားအိတ်များတင်ဆောင်လာသော ၁၈ ဘီးယာဉ်တိမ်းမှောက်

နေပြည်တော် ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၁၅/၁)မိုင် အာဟာရသုခဈေးနှင့် မြို့ရှောင် လမ်းဆုံ၌ ယနေ့ ညနေ ၅ နာရီ ၃၅ မိနစ်က ယာဉ်မောင်း သန်းဇော်ထွန်း(၂၄ နှစ်)(စုံစမ်းဆဲ) သကြားအိတ် ၆ဝဝ ကျော် တင်ဆောင် မောင်းနှင်လာသော 6E/----- UD ဘီးယာဉ် သည် အဆိုပါနေရာ၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့သည်။

ယာဉ်တိမ်းမှောက်ရာတွင် ယာဉ်ပေါ်ပါရှိသူ (ယာဉ် နောက်လိုက်)အောင်လွင်ဦး ကျောက်ဆည်မြို့နေသူမှာ ဝဲခြေဖမိုး အနည်းငယ်ဒဏ်ရာရ၍ စက်ပြင်ဆရာ အောင်မိုးသူ (၂၂ နှစ်) ကျောက်ဆည်မြို့နေသူမှာ ဒဏ်ရာမရရှိကြောင်းနှင့် မော်တော် ယာဉ်မှာ ပျက်စီးခဲ့သည်။

ယာဉ်တိမ်းမှောက်ရာသို့ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် တာဝန်ရှိသူများရောက်ရှိခဲ့ပြီး မြို့ရှောင်လမ်း ယာဉ်ကြော မပိတ်စေရေးအတွက် ယာဉ်လမ်းကြောင်းများ ရှင်းလင်းပေး ခဲ့သည်။ ယာဉ်မဆင်မခြင်မောင်းနှင်သော ယာဉ်မောင်း သန်းဇော်ထွန်းအား တာဝန်ရှိသူများက ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးဇေယျာ(ပျဉ်းမနား)၊ဓာတ်ပုံ-သီရိခေတ်
Myanmaalinn

No comments:

Post a Comment