Sunday, June 18, 2017
အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီကယ်တင်နိုင်
ကျောက်မဲ ဇွန် ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက်(၆) နယ်မြေ (၅) နေ အမျိုးသမီးတစ်ဦးသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲက မိမိနေအိမ်ဝင်းအတွင်းရှိ ရေတွင်းထဲသို့ ခုန်ချကြောင်း သတင်းရရှိသဖြင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးကို ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးဇော်မင်းဦး ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦးနှင့် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သော ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြသည်။ ရေတွင်းထဲသို့ ခုန်ချသူမှာ မသဉ္ဇာမြင့်(၃၆)နှစ်ဖြစ်ပြီး စိတ်ဝေဒနာရှင် တစ်ဦးဖြစ်ကာ လွန်ခဲ့သည့် ၁ဝ နှစ်ကျော်ကလည်း နယ်မြေ(၆)ရပ်ကွက်မှ ဦးစိုးတင့်၏ နေအိမ်ရှိ ရေတွင်းထဲသို့ ခုန်ချဖူးသူဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးအား ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင် မီးသတ်တပ်ကြပ် သန်းလှိုင်က ရေတွင်းထဲသို့ဆင်းကာအပေါ်သို့ ဒဏ်ရာတစ်စုံတစ်ရာရရှိမှုမရှိဘဲ အသက်ရှင်လျက်အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီကယ်တင်နိုင်
Reviewed by timeayeyar
on
4:13 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment