Latest News

Monday, June 26, 2017

အသက်၃၀ အရွယ်မှာမယုံနိုင်ဖွယ်စံချိန် ၃၀ကိုတင်ထားနိုင်တဲ့မက်ဆီ

အသက်၃၀ အရွယ်မှာမယုံနိုင်ဖွယ်စံချိန် ၃၀ကိုတင်ထားနိုင်တဲ့မက်ဆီ

ဘာစီလိုနာစတား လီယွန်နယ်မက်ဆီဟာ အသက် ၃၀ အရွယ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူရဲ့ ပထမဆုံးဆယ်စုနှစ် ၃ ခုအတွင်းမှာ အံ့အားသင့်ဖွယ်စံချိန်များကို ချိုးဖျက်ထားနိုင်ခဲ့တဲ့ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဖြစ်နေခဲ့ပါတယ်။ အာဂျင်တီးနားကစားသမားမက်ဆီဟာ ဘောလုံးသမိုင်းတစ်လျောက်အတွင်း အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်လည်း အများရဲ့သတ်မှတ်စဉ်းစားခြင်းကို ခံနေရသူတစ်ဦးလည်းဖြစ်ပါတယ်။ အရပ် ၅ ပေ ၇ လက်မရှိမက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာပဲ အသက် ၃၀ အရွယ်ပြည့်မြောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်အတွင်းမှာတော့ သူ့ရဲ့ပရော်ဖက်ရှင်နယ်စတင်ပွဲထွက်မှုကိုပြုလုပ်နိုင်ခဲ့ကာ ကစားသမားဘ၀ တစ်လျောက်လုံးကို ဘာစီလိုနာအသင်းမှာသာ ဖြတ်သန်းကုန်လွန်နေခဲ့တာလည်းဖြစ်ပါတယ်။
မက်ဆီဟာ စပိန်လာလီဂါဆုဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလား ၄ ကြိမ်၊ စပိန်ဘုရင့်ဖလား ၄ ကြိမ်၊ ဖီဖာကမ္ဘာကလပ်များဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား ၃ ကြိမ်နဲ့ စပိန်စူပါဖလား ၆ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဆိုပါဆုတွေဟာ မက်ဆီအတွက် အမှန်တကယ်စံချိန်ဖြစ်စေတဲ့ အရာတွေတော့မဟုတ်ခဲ့ပါဘူး။ အသက် ၃၀ ပြည့်မြောက်ခဲ့တဲ့မက်ဆီရဲ့ မယုံနိုင်ဖွယ်ရာ စံချိန် ၃၀ ကတော့ အခြားကစားသမားတွေလိုက်မီနိုင်ဖို့ တကယ့်ကို ခက်ခဲတဲ့စံချိန်တွေဖြစ်နေခဲ့ပါတယ်။
၁။ ကမ္ဘာ့တစ်နှစ်တာအကောင်းဆုံးရွှေဘောလုံးဆု - ၅ ကြိမ်
မက်ဆီဟာ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ရွှေဘောလုံးဆုကိုဆွတ်ခူးရယူနိုင်ခဲ့ပြီး အဆိုပါဆုအများဆုံးရယူနိုင်တဲ့ကစားသမားတစ်ဦးဖြစ်နေခဲ့ပါတယ်။
၂။ ၈ ရာသီဆက်တိုက် ဂိုး ၄၀ ကျော်သွင်းယူနိုင်တဲ့တစ်ဦးတည်းသောကစားသမား၊
မက်ဆီဟာ ၂၀၀၈-၀၉ ရာသီမှာ ၃၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုး ၄၀ ပြည့်သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း နောက်ပိုင်းရာသီမှစတင်ကာ ၄၇ ဂိုး၊ ၅၃ ဂိုး၊ ၇၃ ဂိုး၊ ၆၀ ဂိုး၊ ၄၁ ဂိုးနဲ့ ပြီးခဲ့တဲ့ရာသီအတွင်းမှာ ၅၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
၃။ တစ်ရာသီအတွင်း မတူညီတဲ့ကလပ်ပြိုင်ပွဲ ၆ ခုမှာ နှစ်ကြိမ်တိုင်ဂိုးသွင်းယူနိုင်တဲ့တစ်ဦးတည်းသော ကစားသမား
မက်ဆီဟာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း စပိန်စူပါဖလား၊ လာလီဂါ၊ ယူအီးအက်ဖ်အေစူပါဖလား၊ ချန်ပီယံလိဂ်၊ စပိန်ဘုရင့်ဖလား၊ ဖီဖာကမ္ဘာ့ကလပ်များဖလားတို့မှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
၎။ ကမ္ဘာ့တစ်နှစ်တာအကောင်းဆုံးရွှေဘောလုံးဆုထိပ်ဆုံး ၃ ဦးစာရင်းတွင် အကြိမ်အရေအတွက် အများဆုံးပါဝင်နိုင်သည့်ကစားသမား- ၁၀ ကြိမ်
၅။ ဘောလုံးပြက္ခဒိန်နှစ်တစ်နှစ်အတွင်း တရားဝင်ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ကမ္ဘာ့ဂရင်းနစ်စံချိန်တင်နိုင်ခဲ့။ ၉၁ ဂိုး
၆။ ဖီဖာကမ္ဘာ့ကလပ်များဖလားပြိုင်ပွဲ ၃ ကြိမ်တွင်ဂိုးသွင်းယူနိုင်သည့်တစ်ဦးတည်းသောကစာသမား။ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၅
၇။ အမှတ်ပေးလိဂ်ပြိုင်ပွဲအတွင်း ပွဲအများဆုံးဆက်တိုက်ဂိုးသွင်းယူနိုင်သည့်ကစားသမား။ ၂၁ ပွဲ
၈။ ပရော်ဖက်ရှင်လိဂ်တစ်ခုအတွင်း ပြိုင်ဘက်အသင်းအားလုံးကို ဂိုးသွင်းယူနိုင်သည့်ပထမဦးဆုံးကစား သမား။
၉။ ဖီဖာကမ္ဘာ့ကလပ်များပြိုင်ပွဲ၏ရွှေဘောလုံးဆုအများဆုံးရရှိသည့်ကစားသမား။ ၂ ကြိမ်
၁၀။ ၂ ရာသီဆက်တိုက် ပြိုင်ပွဲအရပ်ရပ်အတွင်း ဂိုး ၆၀ နှင့်အထက်သွင်းယူနိုင်သည့်တစ်ဦးတည်း သောကစားသမား။
မက်ဆီဟာ ၂၀၁၁-၁၂ ရာသီမှာ ၇၃ ဂိုးသွင်းယူနိုင်ယူနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ရာသီမှာ ဂိုး ၆၀ သွင်းယူနိုင်ခဲ့ ပါတယ်။
၁၁။ ဥရောပထိပ်တန်းလိဂ် ၅ ခုအတွင်း ဂိုး ၃၀၀ ပြည့်မြောက်ခဲ့သည့်အမြန်ဆုံးကစားသမား။ ၃၃၄ ဂိုး
မက်ဆီဟာ လက်ရှိအချိန်မှာတော့ စပိန်လာလီဂါသွင်းဂိုး ၃၄၉ ဂိုးသွင်းယူထားနိုင်ပြီး အဆိုပါဂိုးအရေ အတွက်ဟာ ဆက်လက်မြင့်တက်နေဦးမှာပါ။
၁၂။ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ပွဲ ၁၀၀ ပြည့်မြောက်သည့်အသက်ငယ်ဆုံးကစားသမားဖြစ်ခဲ့။
လက်ရှိမှာတော့ မက်ဆီဟာ ချန်ပီယံလိဂ် ၁၁၅ ပွဲပြည့်မြောက်ထားခဲ့ပါတယ်။
၁၃။ ဥရောပကလပ်အသင်းတစ်သင်းအတွက် ဂိုး ၄၀၀ ကျော်သွင်းယူနိုင်သည့်အသက်ငယ်ဆုံးကစား သမား။
မက်ဆီဟာ အဆိုပါစံချိန်ကို အသက် ၂၇ နှစ်အရွယ်မှာတင်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဂိုး ၅၀၀ ကျော်သွင်းယူထားနိုင်ပါတယ်။
၁၄။ တစ်ရာသီအတွင်း အမှတ်ပေးလိဂ်ပြိုင်ပွဲ၌ဂိုးအများဆုံးသွင်းယူနိုင်သူ။ ဂိုး ၅၀
၁၅။ တစ်ရာသီအတွင်း ကလပ်သွင်းဂိုးအများဆုံးကစားသမား။ ၇၃ ဂိုး
၁၆။ တစ်နှစ်အတွင်း ကလပ်သွင်းဂိုးအများဆုံးကစားသမား။ ၇၉ ဂိုး
၁၇။ ဥရောပဖလားပြိုင်ပွဲအတွင်း မတူညီသည့်မြို့ ၂၃ မြို့အတွင်းဂိုးသွင်းယူနိုင်သည့် တစ်ဦးတည်း သောကစားသမား
၁၈။ စပိန်လာလီဂါပွဲ ၁၀၀ အတွင်း တစ်ပွဲမှာ အနည်းဆုံး ၂ ဂိုးသွင်းယူနိုင်သည့် ပထမဦးဆုံးကစား သမား။
၁၉။ ဘာစီလိုနာအတွက် သမိုင်းတစ်လျောက်ဂိုးသွင်းအများဆုံးကစားသမား။ ၅၁၈ ဂိုး။
၂၀။ ဘာစီလိုနာအတွက် အလွတ်တည်ကန်ဘောမှတစ်ဆင့်ဂိုးသွင်းယူနိုင်ဆုံးကစားသမား။ ၂၇ ဂိုး
၂၁။ ဘာစီလိုနာအတွက် ဟက်ထရစ်အများဆုံးရယူနိုင်သည့်ကစားသမား။ ၂၆ ကြိမ်
၂၂။ လာလီဂါပြိုင်ပွဲအတွင်း ဂိုးဖန်တီးပေးနိုင်မှုအများဆုံးကစားသမား။ ၁၃၅ ကြိမ်
၂၃။ လာလီဂါပြိုင်ပွဲအတွင်း ဂိုးသွင်းယူနိုင်မှုအကောင်းဆုံးအချိုး ရရှိနိုင်သည့်ကစားသမား။ (အနည်းဆုံး ပွဲ ၂၀ ကစားခဲ့) ၁.၄၄
မက်ဆီဟာ ၂၀၁၂-၁၃ ရာသီမှာ စပိန်လာလီဂါ ၃၂ ပွဲပါဝင်ကစားခဲ့ပြီး ၄၆ ဂိုးသွင်းယူကာ ဂိုးသွင်းယူနိုင်မှုအကောင်းဆုံးအချိုးကို ရရှိခဲ့တာဖြစ်ပါတယ်။
၂၄။ လာလီဂါပြိုင်ပွဲအတွင်း ဂိုး ၂၅၀ သွင်းယူနိုင်သည့်အသက်ငယ်ဆုံးကစားသမား။ ၂၇ နှစ်
၂၅။ ဘာစီလိုနာအတွက် ၂ ရာသီဆက်တိုက် လိဂ်ဂိုး ၃၀ ကျော်လွန်ခဲ့သည့်ပထမဦးဆုံးကစားသမား။
မက်ဆီဟာ ၂၀၀၉-၁၀ ရာသီမှစတင်ကာ ၂၀၁၂-၁၃ ရာသီအထိ ၄ ရာသီဆက်တိုက်ဂိုး စပိန်လာလီဂါ သွင်းဂိုး ၃၀ ကျော်လွန်တဲ့ဘာစီလိုနာကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
၂၆။ ရာသီဆက်တိုက် ဂိုး ၅၀ ကျော်သွင်းယူနိုင်သည့်ပထမဦးဆုံးဘာစီလိုနာကစားသမား။
မက်ဆီဟာ ၂၀၁၀-၁၁ ရာသီမှာ ၅၃ ဂိုး၊ ၂၀၁၁-၁၂ ရာသီမှာ၇၃ ဂိုး၊ ၂၀၁၂-၁၃ ရာသီမှာ ဂိုး ၆၀ သွင်းယူနိုင်ခဲ့ပြီး ဂိုး ၅၀ ကျော်သွင်းယူတဲ့ ရာသီ ၅ ရာသီအထိရှိခဲ့ပါတယ်။
၂၇။ တောင်အမေရိကဇုန်အတွင်း ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းယူနိုင်သည့်ပထမဦးဆုံးအာ ဂျင်တီးနားကစားသမား။
မက်ဆီဟာ တောင်အမေရိကဒေသအတွင်း ပြိုင်ဘက် ၉ သင်းလုံးကို ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
၂၈။ အာဂျင်တီးနားအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမား။ ၅၈ ဂိုး
မက်ဆီဟာ အာဂျင်တီးနားတိုက်စစ်မှူးဘာတစ္စတူတာ၏ ၅၄ ဂိုးသွင်းယူနိုင်ခဲ့သည့်စံချိန်ကို ကိုပါအမေရိကဖလားပြိုင်ပွဲအတွင်းမှာ ကျော်လွန်နိုင်ခဲ့ပါတယ်။
၂၉။ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း ဂိုးသွင်းယူနိုင်သည့်အသက်ငယ်ဆုံးအာဂျင်တီးနားကစားသမား။ အသက် ၁၈ နှစ်နဲ့ ၃၅၇ ရက်
၃၀။ တောင်အမေရိကဇုန် သမိုင်းတစ်လျောက်နိုင်ငံလက်ရွေးစင်အသင်းအတွက် ပွဲ ၁၀၀ ပြည့်မြောက်ခဲ့သည့်အသက်အငယ်ဆုံးကစားသမား။ အသက် ၂၇ နှစ်နဲ့ ၃၆၁ ရက်
မက်ဆီဟာလက်ရှိအချိန်မှာတော့ အာဂျင်တီးနားအသင်းအတွက် ၁၁၈ ပွဲပါဝင်ကစားထားနိုင်ခဲ့ပါတယ်။

AKonThi

No comments:

Post a Comment