Latest News

Wednesday, June 28, 2017

မုံရွာတွင် ကွမ်းစိုက်ရန် ချုံရှင်းရာမှ ကျည်ဆန် ၂ဝဝ ကျော်တွေ့

မုံရွာတွင် ကွမ်းစိုက်ရန် ချုံရှင်းရာမှ ကျည်ဆန် ၂ဝဝ ကျော်တွေ့

မုံရွာ၊ ဇွန် ၂၇

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ရွှေဇလုပ်ရပ်ကွက်တွင် ကွမ်းစိုက်ရန် ချုံနွယ်များကိုရှင်းလင်းရာမှ ကျည်ဆန်ဟောင်း အတောင့် ၂၇၂ တောင့်ကို ဇွန် ၂၆ ရက်ညပိုင်းကတွေ့ရှိခဲ့ကြောင်း နယ် မြေရဲစခန်းမှသိရသည်။ ကွမ်းခြံပိုင်ရှင်ဦးကျော်လွင်သည် ယခင်က ကွမ်းစိုက်ပျိုးခဲ့သော ခြံဟောင်းနေရာတွင် ကွမ်းထပ်မံစိုက်ပျိုးရန်အတွက် ချုံနွယ်များရေမြောင်းများကိုရှင်းလင်းစဉ် ကျည်ဆန်ဟောင်းများကို တွေ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျည်ဆန်များတွေ့ရှိ ကြောင်းကို နယ်မြေရဲတပ်ဖွဲ့မှသတင်းရ၍သွားရှာရာ ခြံပိုင်ရှင်တွေ့ခဲ့သော ကျည်ဆန်များကို မြေဖုံးအုပ်ထားခဲ့သဖြင့် ပြန်လည်ဖော်ထုတ်ကာ ရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့ရသည်။ ယခုတွေ့ရှိသော ကျည်ဆန်များမှာ ပွိုင့် ၃ဝ၃ ကျည်တောင့်များဖြစ် ပြီး အဆိုပါကျည်တောင့်များကို နယ် မြေခံတပ်သို့ စနစ်တကျလွှဲပြောင်း အပ်နှံနိုင်ရေးဆောင်ရွက်ခဲ့ပြီး အ ခြားဆက်စပ်နေရာများတွင်လည်း ကျည်ဆန်များမကျန်ရစ်စေရေးတူး ဖော်ရှာဖွေမှုများ ဆက်လက်လုပ် ဆောင်နေကြောင်း သိရသည်။

KTS

Democracytoday

No comments:

Post a Comment