Latest News

Friday, June 30, 2017

တရုတ်ဘဏ်တခုနှင့် သင်္ဘောကုမ္ပဏီတခုကို အမေရိကန် ပိတ်ဆို့အရေးယူ

တရုတ်ဘဏ်တခုနှင့် သင်္ဘောကုမ္ပဏီတခုကို အမေရိကန်
ပိတ်ဆို့အရေးယူ

အမေရိကန်က မြောက်ကိုရီးယား နျူကလီးယားကိစ္စမှာ ထောက်ပံ့ပေးနေတဲ့   တရုတ်ဘဏ်တခုနဲ့ သင်္ဘောကုမ္ပဏီတခုကို ဇွန်လ ၂၉ ရက်နေ့က ပိတ်ဆို့အရေးယူတဲ့ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ တရုတ်သင်္ဘောကုမ္ပဏီမှာ ဒါလီယန် ဂလိုဘယ် ယူနတီ (Dalian Global Unity Shipping Co Ltd) ကုမ္ပဏီဖြစ်ပြီး နောက်ထပ်လူနှစ်ဦးဖြစ်တဲ့ ဆန်းဝေ ဆိုသူနဲ့ လီဟောင်ရီ ဆိုသူနှစ်ဦးကိုလည်း ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဒန်ဒေါင်းဘဏ် (Bank of Dandong) ကိုလည်း မြောက်ကိုရီးယားရဲ့ ငွေကြေးခဝါချမှုမှာ ပံ့ပိုးပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒန်ဒေါင်းဘဏ်ဟာ အမေရိကန်နဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို မြောက်ကိုရီးယား ချိတ်ဆက်နိုင်ဖို့ လုပ်ပေးနေတဲ့ ဝင်ပေါက်ဖြစ်တယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် အစီအမံနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေရဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ ငွေတွေနဲ့ ဆက်စပ်နေတဲ့ ဘဏ်လည်းဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနျူချင်က ပြောကြားသွားပါတယ်။

အမေရိကန်အနေနဲ့ လာမယ့်သီတင်းပတ်မှာပြုလုပ်မယ့် G-20 ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ထိန်းချုပ်ဖို့ တရုတ်အပါအဝင် တခြားနိုင်ငံတွေနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး က ပြောသွားပါတယ်။

DVB

No comments:

Post a Comment