Latest News

Friday, June 30, 2017

မြိတ်မြို့ စားသောက်ဆိုင်တခုတွင် မူးယစ်ဆေးဝါး ရောင်းချသူ လူငယ် ၃ ဦးကို ဖမ်းမိ

မြိတ်မြို့ စားသောက်ဆိုင်တခုတွင် မူးယစ်ဆေးဝါး ရောင်းချသူ
လူငယ် ၃ ဦးကို ဖမ်းမိ

တနသာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကန်ကြီးနယ်မြေ၊ မြန်အောင်ရပ်ကွက် သဲကွင်း (၂) လမ်းရှိ ရွှေဖားစည်း စားသောက်ဆိုင်မှာ မူးယစ်ဆေးဝါးတွေ လာရောက် ဖြန့်ဖြူး အရောင်းအဝယ် ပြုလုပ်နေတဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။

မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ မြန်အောင်ရပ်ကွက် သဲကွင်း (၂) လမ်းရှိ ရွှေဖားစည်း စားသောက်ဆိုင် အခန်း ၈ မှာ လူငယ် ၃ ဦး မူးယစ်ဆေးဝါးတွေကို သုံးစွဲ၊ အရောင်းအဝယ် ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအရ ဇွန်လ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ မြိတ်ခရိုင် မှုခင်းအကူအဖွဲ့မှ ရဲအုပ် ခင်မောင်အေးက ပြောပါတယ်။

WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေကို သုံးစွဲ၊ အရောင်းအဝယ် ပြုလုပ်နေသူ လူငယ် ၃ ဦးမှာ စိုးထွေးအောင်၊ ကျော်စိုးဦးနဲ့ သီဟ (ခ) သားကင်းတို့ ဖြစ်ကြပါတယ်။

၃ ဦးဆီကနေ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ပန်းရောင် ၁၉၆ ပြား၊ အစိမ်းရောင် ၂ ပြား၊ စုစုပေါင်း စိတ်ကြွဆေးပြား ၁၉၈ ပြားတို့နဲ့ ဆိုင်ကယ်တစီးတို့ကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူ လူငယ် ၃ ဦးကို မြိတ်မြို့မရဲစခန်းရုံးမှ မယ (ပ) ၁၀၆/၂၀၁၇၊ မူး/ စိတ်ပုဒ်မ ၁၅/၁၉ (က) ၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

သတင်း – ဇော်ဇော်(မြိတ်)

DVB

No comments:

Post a Comment