Latest News

Friday, June 2, 2017

ချေးငွေစာချုပ်များ ပြန်လည်ဆန်းစစ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ပြော

ချေးငွေစာချုပ်များ ပြန်လည်ဆန်းစစ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ပြော

ယခင်အစိုးရ လက်ထက် ချေးငွေနှင့်သက်ဆိုင် သည့် သဘောတူစာချုပ်များကို ပြန်လည်ဆန်းစစ်ရန် လိုအပ် ကြောင်းစစ်ကိုင်းတိုင်းဒေသကြီး ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင်က ပြောသည်။

ဇွန်လ ၁ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အစိုးရ၏ ကြွေးမြီဆိုင် ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ် တော်ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဆွေးနွေးရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်ခင်စန်းလှိုင်က ပြော ကြားခြင်းဖြစ်သည်။

အထက်ပါအစီရင်ခံစာတွင် ယခင်အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မော်တော်ယာဉ်နှင့် ရေယာဉ်များ ဖြည့်တင်းမည့် စီမံကိန်းဆောင်ရွက်ရန် Exim Bank of China မှ ယွမ် ၂၄၆ သန်းကျော် (ဒေါ်လာ ၃၈ သန်းကျော်) ချေးယူရာတွင် အတိုးနှုန်း အဆမတန် များပြားနေသည်ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

‘‘အတိုးနှုန်းက ၄ ဒသမ ၅ ရာခိုင်နှုန်းဆိုတော့ အစိုးရကရယူ ပြီးသမျှ ချေးငွေတွေအားလုံးထဲ မှာ မကြုံစဖူးအောင် ထူးကဲမြင့် မားပြီးစံချိန်တင်အတိုးနှုန်းတစ်ခု ပဲဖြစ်ပါတယ်။ အဆိုပါချေးငွေ ဟာ အတော်ကို မသက်သာတဲ့ ချေးငွေဖြစ်တာကို စိစစ်တွေ့ရှိရ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဆို ပါချေးငွေများနှင့် မဆိုင်တဲ့ သ ဘောတူညီစာချုပ်များကို သေချာ ပြန်လည်ဆန်းစစ်ဖို့ရာ လိုပါလိမ့် မယ်’’ ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနကဲ့ သို့ အတိုးနှုန်းမြင့်မားစွာချေးယူခဲ့ သည့် သမ၀ါယမ၀န်ကြီးဌာနက  ဒေါ်လာ ယွမ်သန်း ၃၀၀ ကိစ္စကိုဗဟိုသမ၀ါယမအသင်း အနေဖြင့် မည်ကဲ့သို့ စီမံခန့်ခွဲနေသည်ကိုရှင်းရှင်းလင်းလင်း ဖြေကြားပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။ ချေးယူထားသည့်ပြင်ပချေးငွေများဖြင့် ဆောင်ရွက်သည့် စီမံကိန်းများနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော် ဒေါက် တာဒေါ်တင်တင်ဝင်းက ထောက်ပြသည်။ ‘‘၂၀၁၅ နိုင်ငံအဖွဲ့အစည်း အလိုက်ချေးငွေစာချုပ် ပြုလုပ် ထားသော်လည်း လုပ်ငန်းအ ကောင်အထည်ဖော်မှု မရှိသေး သည့် စီမံကိန်းများရှိကြောင်း သိ ရပါတယ်။ ယူထားတဲ့ငွေဟာ အိပ်မနေပါဘူး။ အတိုးတွေ တရိပ်ရိပ် တက်နေပါတယ်။ ဒါ ကြောင့် သေချာမှ ငွေယူပြီးတာနဲ့ မြန်မြန်အကောင်အထည်ဖော်နိုင် မှ တော်ကာကျပါလိမ့်မယ်။ တာ ၀န်ယူမှု၊ တာဝန်ခံမှုဟာ ဒီမိုကရေ စီရဲ့ အသက်ပါ။ အဲဒီလိုတာဝန်ယူ မှု၊ တာဝန်ခံမှုမရှိဘူးဆိုလို့ရှိရင် စနစ်ကိုပါ ထိခိုက်နိုင်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဒုတိယဗိုလ်မှူးကြီး ကျော် သန်းဦးက ‘‘ချေးယူပြီးသား လုပ် ငန်းများကို အလျင်အမြန် အ ကောင်အထည်ဖော်ဆောင်ရွက် သင့်ပါတယ်။ ငွေချေးသည့်နယ် ပယ်ကို ဆန်းစစ်ပါကဒေသ ဖွံ့ဖြိုး ရေးအထောက်အကူပြု ချေးငွေ နှင့် တည်ဆောက်ရေးအထောက် အကူပြုချေးငွေများက များနေ တာကို တွေ့ရှိရပါတယ်။  ငွေ ပြန်လည်ရရှိမည့် ချေးငွေဆိုင်ရာ ရာခိုင်နှုန်းနည်းနေတာကို တွေ့ရှိ ရပါတယ်’’ ဟု ပြောသည်။

နိုင်ငံတော်မှ ချေးယူသည့် ချေးငွေများရယူပြီးနောက် အ ကောင်အထည်ဖော်မည့်လုပ်ငန်း များအတွက် ကိန်းဂဏန်းအချက် အလက်များစနစ်တကျကောက် ယူပြီး ဖြစ်မြောက်နိုင်စွမ်းပေါ် မူ တည်ကာ အပြန်အလှန်သုံးသပ် ပြီးမှ ရင်းနှီးမြှုပ်နှံသင့်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒုတိယဗိုလ် မှူးကြီးကျော်မိုးအောင်က ပြည် ထောင်စုလွှတ်တော်တွင် အကြံ ပြုပြောကြားသည်။

‘‘ဒီလို ကြန့်ကြာနေတဲ့ စီမံ ကိန်းများကို သက်ဆိုင်ရာ ချေးငွေ ထုတ်ချေးတဲ့ အဖွဲ့အစည်းက လည်း ကျွန်တော်တို့ နှိုးဆော်ပေး တဲ့နည်းတူ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနကလည်း တိုက် တွန်းကြပ်မတ်သွားပါမယ်’’ ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ နဒုတိယ ၀န်ကြီးဦးမောင်မောင် ၀င်းက ပြောသည်။

ယခင်အစိုးရလက်ထက် ငါး နှစ်တာကာလ ပြည်တွင်း ပြည်ပ ချေးငွေ ကျပ် ၉,၃၇၁ ဒသ မ ၀၃၄ ဘီလီယံရှိခဲ့ပြီး ပြည်ပမှ ချေးယူ ငွေ ၁,၉၂၆ ဒသမ ၄၆၅ ဘီလီယံ နှင့် ပြည်တွင်းချေးယူငွေသည် ကျပ် ၇,၄၄၄ ဒသမ ၅၆၉ ဘီလီယံ ရှိကြောင်း ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ် လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော် မတီ၏ သဘောထားမှတ်ချက်နှင့် လေ့လာတွေ့ရှိချက်အစီရင်ခံစာ ကို ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ထားရှိရန် လွှတ် တော်ကိုယ်စားလှယ်များက သ ဘောတူခဲ့သည်။

7Day News Journal

No comments:

Post a Comment