Latest News

Friday, June 2, 2017

ဒေါ်အောင်ဆန်းစုကြည်၏ ကနေဒါနှင့် ဆွီဒင်ခရီးစဉ် ဇွန် ၄ ရက်စတင်မည်

ဒေါ်အောင်ဆန်းစုကြည်၏ ကနေဒါနှင့် ဆွီဒင်ခရီးစဉ် ဇွန် ၄ ရက်စတင်မည်


နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ကနေဒါနှင့် ဆွီဒင် နှစ် နိုင်ငံခရီးစဉ်ကို ဇွန်လ ၄ ရက်တွင် စတင်မည်ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဦးကျော်တင်ကပြော ကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ခရီးစဉ်တွင် နိုင်ငံခြားရေး ဒုဝန်ကြီး လိုက်ပါမည်ဖြစ်ကာ ဆယ်ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက 7 Day Daily သတင်းစာအား ပြောသည်။

‘‘နိုင်ငံခြားရေး ဒုဝန်ကြီးအ နေနဲ့ လိုက်ပါသွားဖို့ရှိပါတယ်။ ဇွန် ၄ ရက်နေ့ထွက်မယ်။ အကြမ်း ဖျင်း ၁၀ ရက်လောက်ကြာမယ်’’ ဟု ဦးကျော်တင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ကနေဒါဝန်ကြီးချုပ်မစ္စတာ ဂျက်စတင်ထရူးဒူး၏ ဖိတ်ကြား ချက်အရ ကနေဒါနိုင်ငံသို့ တရား ဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အပြီးတွင် ဆွီဒင် လွှတ်တော်ဥက္ကဋ္ဌမစ္စတာ အော်ရိ ဘန်အာလင်းနှင့် ဝန်ကြီးချုပ်မစ္စ တာစတီဖန်လိုဇန်တို့၏ ဖိတ်ကြား ချက်အရ ဆွီဒင်နိုင်ငံသို့ ဆက် လက်သွားရောက်မည်ဖြစ်သည်။

အထက်ပါ ခရီးစဉ်သည် ၂၀၁၇ အတွင်းဒေါ်အောင်ဆန်းစု ကြည်၏ လေးကြိမ်မြောက်ပြည်ပ ခရီးစဉ်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment