ကျိုက်ထီးရိုး စေတီတော် ကေဘယ်ကား ပြေးဆွဲရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီး၊ ဇူလိုင်လအတွင်း အပြီးဆောင်ရွက်မည် ဟုဆို
မွန်ပြည်နယ်၊ မေ ၁၂
မွန်ပြည်နယ၊် ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ဆံ တော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးများ သက်သောင့်သက်သာ ဖူးမြော်နိုင်ရေးအတွက် Sky Asia Co.Ltd မှ ကေဘယ်ကားကောင်းကင် ကြိုးရထားစီမံကိန်းကိုတည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီး ဇူလိုင်လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်းဒါရိုက်တာ Mr. Han Jung Seuk က ပြောကြားသည်။
''ကေဘယ်ကားစီမံကိန်းကို နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ရဲ့ခွင့်ပြုချက်နဲ့ တည်ဆောက်နေပါတယ်။ MIC ကလည်း ဒုတိယအကြိမ် သက်တမ်းတိုးပေးလိုက်ပြီး လူအင်အားစက်ကိရိယာအင်အားအပြည့်အစုံနဲ့ဆောက်ရွက်နေပါတယ်။ လော လောဆယ် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီး၊ အားလုံးဇူလိုင်လအတွင်းပြီးစီးအောင် ဆောင်ရွက်ပါမယ်။ ဘုရားဖူးပြည် သူတွေစိတ်ချမ်းမြေ့စွာသွားလာနိုင် ရေးအတွက် စမ်းသပ်ကာလကို သုံးလသတ်မှတ်ပြီး အောက်တိုဘာလ အတွင်းဖွင့်လှစ်နိုင်အောင် ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ လုပ်ငန်းပြီးစီးမှုအခြေအနေတွေကိုလည်း ပြည်နယ်အစိုးရကို တင်ပြလျက်ရှိပါတယ်''ဟု ကုမ္ပဏီစီမံကိန်းဒါရိုက်တာ Mr. Han Jung Seuk က မေ ၁၁ ရက်တွင် ပြောကြားသည်။
Sky Asia ကုမ္ပဏီသည် ပြင်သစ်နိုင်ငံ ပိုးမားကုမ္ပဏီမှ စက်ကိရိယာပစ္စည်းများမှာယူပြီး Korea နိုင်ငံမှ အင်ဂျင်နီယာပညာရှင်များဖြင့် ကျိုက်ထီးရိုးဘေးမဲ့တောနယ်မြေအတွင်းရှိ မြေဧက ၁၃ ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခြင်းဖြစ်သည်။
''ဒီကေဘယ်ကားစီမံကိန်းလုပ်ငန်း အခြေအနေကို တစ်လတစ်ခါ ပြည်နယ်အစိုးရကို တင်ပြတယ်။ ဒီစီမံကိန်းမှာ အမှိုက်မီးရှို့သန့်စင်စက်ရုံထားရှိမယ်။ အမှိုက်တန် ၄ဝ အထိ မီးရှို့နိုင်တယ်။ ကေဘယ်ကားသွား လမ်းတစ်လျှောက်က အမှိုက်တွေကိုသန့်စင်ဖို့အတွက်ဖြစ်ပါတယ်''ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ ကေဘယ်ကားစီမံကိန်းကို ကျိုက်ထီးရိုးစေတီတော်ရသေ့တောင် စခန်း Main Station မှ စေတီတော် ဘိုးဘိုးကြီးနတ်နန်းအထိ အကွာအ ဝေးပေ ၂၉ဝဝ ကျော်ကို တာဝါတိုင် ခုနစ်တိုင်စိုက်ထူမှုဆောင်ရွက်လျက်ရှိပြီး တစ်တွဲလျှင်လူရှစ်ဦး စီးနင်းလိုက်ပါနိုင်သည့်အတွဲ ၄၄ တွဲပါရှိကာ ခရီးစဉ်အစအဆုံး ၁ဝ မိနစ်သာကြာမြင့်မည်ဖြစ်သည်။
AHO
Democracy To Day
Sunday, May 14, 2017
ကျိုက်ထီးရိုး စေတီတော် ကေဘယ်ကား ပြေးဆွဲရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီး၊ ဇူလိုင်လအတွင်း အပြီးဆောင်ရွက်မည် ဟုဆို
ကျိုက်ထီးရိုး စေတီတော် ကေဘယ်ကား ပြေးဆွဲရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီး၊ ဇူလိုင်လအတွင်း အပြီးဆောင်ရွက်မည် ဟုဆို
Reviewed by Ar Ti
on
5:36 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment