Latest News

Sunday, May 14, 2017

အန်အယ်လ်ဒီအနေဖြင့် ပြဿနာအားလုံး တပ်မတော်ကို လွှဲမချသင့်ဟု ဦးရဲထွဋ်ပြော

အန်အယ်လ်ဒီအနေဖြင့် ပြဿနာအားလုံး တပ်မတော်ကို လွှဲမချသင့်ဟု ဦးရဲထွဋ်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ့ ပြဿနာတိုင်းမှာ လွှတ်တော်ထဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကိုပဲ လွှဲမချသင့်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဟောင်းက ပြောဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ အဓိကဇာတ်ဆောင်နေရာက ပါဝင်နေတာ မဟုတ်ဘဲ ဇာတ်ရံနေရာကသာ ပါဝင်နေတာလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောဆိုလိုက်တာပါ။

မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲမှာ ဦးရဲထွဋ်က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာ အားလုံးမှာ တပ်မတော်ကိုချည်း လွှဲမချသင့်ဘူးလို့ သူက သုံးသပ်ပါတယ်။

စီပွားရေးနဲ့ ငြိမ်းချမ်းရေးကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရင် အန်အယ်လ်ဒီ အစိုးရအနေနဲ့ လာမယ့် ၂၀၂၀ မှာ ပိုကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်းကို ရလာလိမ့်မယ် လို့လည်း သူကသုံးသပ်ပါတယ်။

DVB

No comments:

Post a Comment