Thursday, May 18, 2017
မြန်အောင်မြို့ နယ်တွင် သစ်တင်ကားတိမ်းမှောက်၍ (၂)သေဆုံး ၊ ၅ ဦးဒဏ်ရာရ
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်နယ်မြေရဲစခန်းပိုင် မျှင်ဝါးတောင်သစ်တောကြိုးဝိုင်းသွားလမ်း မျှင်ဝါးတောင်ကျေးရွာနှင့် ဆင်ကျုံးကျေးရွာကြားမှာ မေလ ၁၈ ရက်ေ်န့ ဒီကနေ့ မနက် ၈ နာရီခန့် က သစ်တင်ကားတိမ်းမှောက်၍ (၂)သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း သိရပါသည်။
ယာဉ်မောင်း အောင်မင်းနိုင် အသက်(၂၇)နှစ် တောင်ပတ်လည်ကျေးရွာ ထိန်သေးကြီးအုပ်စုနေသူ မောင်းနှင်ပြီး အခြားသားသစ် 2.542 တန်အား တင်ဆောင်လာသော ဒေါင်ဖန်း အမျိုးအစားဖောကားသည် ကုန်းအတက်တွင် တိမ်းမှောက်သွားခြင်း ဖြစ်သည်။
ကားပေါ်ပါသူ ၂ ဦး နေရာ၌ပင်သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကာ ယာဉ်မောင်းအောင်မင်းနိုင်မှာထွက်ပြေး တိမ်းရှောင်နေကြောင်း အင်ပင်နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေး အရေးယူထားကြောင်း ကနဦး သတင်းရရှိသည်။
ဇော်မျိုးအောင်နှင့် အဖွဲ့ မြန်အောင်
ရှုထောင့် မှုခင်းနှင့် သတင်း မီဒီယာ ဂရု - Myanaung
မြန်အောင်မြို့ နယ်တွင် သစ်တင်ကားတိမ်းမှောက်၍ (၂)သေဆုံး ၊ ၅ ဦးဒဏ်ရာရ
Reviewed by timeayeyar
on
5:39 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment