![]() |
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကလေးနှိပ်စက်သူကို မေလ ၁၈ ရက်နေ့က ရုံးထုတ်လာစဉ်။ Photo: Kyaw Lwin Oo/RFA |
စွဲဆိုထားတဲ့ပုဒ်မတွေအတိုင်း မြို့နယ်တရားသူကြီးက ထောင်ဒဏ်တွေ ချမှတ်လိုက်တာလို့ တရားလို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ မယဉ်မင်းစန်းက ပြောပါတယ်။
မော်လမြိုင်မြို့နယ် တရားရုံးက အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ အရ အမြင့်ဆုံးအပြစ်ဒဏ် ထောင်ဒဏ် ၇ နှစ်နဲ့ ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ချခံစေတာကြောင့် ၇ နှစ်ထောင်ကျမှာဖြစ်ပြီး အချုပ်ရက်တွေကိုလည်း ခံစားခွင့်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ၂ဝ၁၆ ဒီဇင်ဘာလက မော်လမြိုင်မြို့ တက္ကသိုလ်ကျောင်းဝင်းရှိ အမျိုးသားဘော်ဒါဆောင်မှာ ထမင်းချက် လုပ်ငန်း ကန်ထရိုက်ယူလုပ်ကိုင်သူ မအေးအေးစိုးက အလုပ်ဝိုင်းကူလုပ်ပေးနေတဲ့ အသက်(၁၄)နှစ်အရွယ် မိန်းကလေးကို လိမ္မော်သီး(၂)လုံးပျောက်တာကို ခိုးယူတယ်ဆိုပြီး ရေနွေးပူနဲ့လောင်းတာ၊ ထင်းနဲ့ ဦးခေါင်းကို ရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။
ဒါကြောင့် အဒေါ်ဖြစ်သူ က ဒီဇင်ဘာ ၂၇ ရက်နေ့က မုပွန်နယ်မြေရဲစခန်းမှာ တရားလိုပြုလုပ်ကာ အပြင်းအထန် နာကျင်စေမှု ပုဒ်မ- ၃၂၆ အရ အမှုဖွင့်ခဲ့တာပါဖြစ်တယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment