Latest News

Friday, May 12, 2017

လိုက်ထရပ်အပါအ၀င် နောက်ပွင့်ကားများကို ကျောင်းကားပြေးဆွဲခွင့်မပြုတော့

လိုက်ထရပ်အပါအ၀င် နောက်ပွင့်ကားများကို ကျောင်းကားပြေးဆွဲခွင့်မပြုတော့

ဒေ၀ူးမှကျောင်းကားများမဖြစ်မနေ၀ယ်ယူရန် မသတ်မှတ်ထားဘဲ လက်ရှိမှန်လုံကျောင်းကားများလုံခြုံလျှင် ဆက်ပြေးဆွဲခွင့်ပြုမည်၊ ကျောင်းကားမဖြစ်မနေစီးရမည်ဟုလည်း မသတ်မှတ်

လိုက်ထရပ်ကဲ့သို့ နောက်ပွင့်ကားများဖြင့် ကျောင်း  ကားပြေးဆွဲခြင်းကို ခွင့်ပြုမည်မ ဟုတ်ဘဲ လုံခြုံမှုရှိမည့် မှန်လုံ ယာဉ်များကို စိစစ်၍ ဆက်လက် အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။
ရန်ကုန်တိုင်း လမ်းပန်းဆက် သွယ်ရေးဝန်ကြီးက ကျောင်းကား ပြေးဆွဲမှုလုပ်ငန်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် မေလ ၁၂ ရက်က လွှတ်တော် ကိုယ်စားလှယ်များအား လာ ရောက်ရှင်းလင်းစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ကျောင်းကားများကို လုံခြုံ စိတ်ချမှုရှိစေရန်နှင့် ကျောင်းပတ် ၀န်းကျင်ယာဉ်ကြောကျပ်တည်းမှု လျော့ပါးစေရန် ရန်ကုန်တိုင်းဒေ သကြီး အစိုးရက စနစ်တစ်ခုကို ပြောင်းလဲရန်ကြိုးစားနေခြင်းသာ ဖြစ်ပြီး သတင်းထွက်ပေါ်နေသကဲ့ သို့ ကားအသစ်များ မဖြစ်မနေ ပြောင်းလဲအသုံးပြုရမည်ဟု သတ် မှတ်ထားခြင်းမရှိကြောင်း ၀န်ကြီး က ပြောကြားခဲ့သည်ဟု ဒဂုံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက ဆို သည်။

‘‘လက်ရှိအသုံးပြုနေတဲ့ မှန် လုံကားတွေဆိုရင်လည်း လုံခြုံ စိတ်ချမှုရှိ၊ မရှိ စစ်ဆေးပြီး အသုံးပြုဖို့သင့်ရင် ဆက်ပြီးခွင့်ပြုမယ်လို့ ပြောတယ်’’ဟု ၎င်းကပြောကြား သည်။

‘‘ကျောင်းကားအစီးနှစ်ရာ ၀ယ်ထားတဲ့ကိစ္စလည်းမေးမြန်း တယ်။ အစိုးရက ရှယ်ယာဝယ် ထားတဲ့ YBPT ကုမ္ပဏီကနေ၀ယ် တာလို့ ၀န်ကြီးက ပြောတယ်။ ဒီကားတွေကို လိုအပ်တဲ့ကျောင်း တွေက ၀ယ်မယ်ဆိုရင် မျှပြီး ရောင်းပေးသွားမယ့်သဘောလို့ သိရတယ်’’ဟု သင်္ဃန်းကျွန်းမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

ထို့အပြင် ကျောင်းသားများ ကို ကျောင်းကားမဖြစ်မနေစီးရ မည်ဟု သတ်မှတ်မည်မဟုတ်ဘဲ အိမ်စီးကားများဖြင့် ကျောင်းကြို/ ပို့ ပြုလုပ်မည်ဆိုပါက ယခင်ကဲ့သို့ ကျောင်းရှေ့တွင် အချိန်ကြာမြင့် စွာ ရပ်နားစောင့်ဆိုင်းခြင်းများကို ခွင့်မပြုတော့ဟုပြောကြောင်း ဒဂုံ မြို့သစ် (တောင်ပိုင်း)မြို့နယ် မဲ ဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုသည်။

‘‘၀န်ကြီးချုပ်ရဲ့ ဆန္ဒအရ တော့ ကျောင်းသားတစ်ဦးချင်းက နေ အိမ်စီးကားတစ်စီးနဲ့ ကျောင်း လာပို့နေတာထက် ကျောင်းကား ကိုပဲ သုံးစေချင်တဲ့သဘောရှိ တယ်။ လွှတ်တော်ကိုယ်စားလှယ် တွေက ဒီလိုကျောင်းကားစီးချင် လာအောင် တဖြည်းဖြည်းစည်းရုံး သွားဖို့ ဆန္ဒပြုကြတယ်။ ဒါကို ၀န် ကြီးကလည်း လက်ခံပါတယ်’’ဟု ၎င်းက ပြောသည်။

ထိုသို့ ကျောင်းကားအသုံးပြု မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ထပ်မံဆွေးနွေး၍ ကျောင်းအလိုက် ကျောင်းကားစနစ်ကို မည်သို့ ပြု လုပ်မည်ဆိုသည့် သဘောထား မှတ်ချက်များကို တိုင်းဒေသကြီး အစိုးရက ရယူရန်ရှိကြောင်း သ တင်းရရှိသည်။

‘‘ကျောင်းတွေကလည်း တစ်ကျောင်းချင်းအလိုက် သူတို့ ကျောင်းမှာ ကျောင်းကားပြေးဆွဲ မှုကို ဘယ်လိုပုံစံနဲ့လုပ်မယ်ဆို တာ အစိုးရအဖွဲ့က ထပ်တင်ပြ ကြမယ်၊ အစိုးရကစနစ်တကျဖြစ် အောင် ပြန်လုပ်ပေးမယ်ဆိုတဲ့ သ ဘောတွေ့ရတယ်’’ဟု ဦးနေဘုန်း လတ်က ဆိုသည်။

‘‘လိုက်ထရပ်တွေပဲရပ်မယ် ဆိုရင်တော့ အများစုကလက်ခံ ကြပါတယ်။ တချို့တွေလည်း စိတ်ချရအောင် မှန်လုံတွေ တဖြည်း ဖြည်း ချိန်းထားကြတာဆိုတော့ လေ’’ဟု လမ်းမတော်မြို့နယ်မှ ကျောင်းကားပိုင်ရှင် ဦးသက် မောင်က ပြောသည်။

လိုက်ထရပ်ယာဉ်နှင့် မှန်လုံ ယာဉ်သည် ကျောင်းကားခနှုန်း ကွာခြားပြီး မှန်လုံစီး၍ ခေါင်းမူးတတ်သည့် ကျောင်းသားများက လိုက်ထရပ်ယာဉ်များကိုသာ ရွေးချယ်စီးကြောင်း TTC ကျောင်းမှ ကျောင်းကားပိုင်ရှင်တစ်ဦးက ဆို သည်။

ရန်ကုန် တိုင်းဒေသကြီး အစိုးရသည် ကျောင်းကားများအ သုံးပြုမှုကိစ္စနှင့်ပတ်သက်၍ စနစ်ပြောင်းလဲရန် ဧပြီလကုန်ကတည်း က စီစဉ်နေသော်လည်း လွှတ် တော်ကိုယ်စားလှယ်များကို ယခုမှသာ ရှင်းပြခြင်းဖြစ်သည်။

‘‘အမှန်အတိုင်းပြောရရင် အခုရှင်းပြတာတောင် နောက်ကျ တယ်လို့ ပြောလို့ရတယ်။ သတင်း တွေထွက်လာပြီးမှ လွှတ်တော် ကိုယ်စားလှယ်တွေက သိကြရ တယ်။ သတင်းတွေ လိုက်ရှာ ဖတ်ရတယ်။ ဒီနေ့အစိုးရအဖွဲ့က ရှင်းပြသွားတာကိုတော့ ကျေနပ် ပါတယ်။ နောက်ဆို ဒီလိုနောက် ကျမှ သိရတာမျိုးမဖြစ်အောင် လုပ်ဖို့လိုတယ်’’ဟု ဦးနေဘုန်း လတ်က ပြောသည်။

7Day News Journal

No comments:

Post a Comment