Latest News

Friday, May 12, 2017

တန်ချိန် ၂,၉၀၀ ခန့်ရှိသည့် စကျင်ကျောက်တုံးကြီးကို မတ္တရာမြို့နယ်တွင် တူးဖော်တွေ့ရှိ

တန်ချိန် ၂,၉၀၀ ခန့်ရှိသည့် စကျင်ကျောက်တုံးကြီးကို မတ္တရာမြို့နယ်တွင် တူးဖော်တွေ့ရှိ

 ရန်ကုန်မြို့ မင်းဓမ္မ ကုန်းတော်ပေါ်ရှိ ကျောက်တော် ကြီးဘုရားကို ထုဆစ်ခဲ့သည့် စကျင်ကျောက်တုံးကြီးထက် ပိုမို ကြီးမားသည့် စကျင်ကျောက်တုံး တစ်တုံးကို မတ္တရာမြို့နယ် စကျင် ကျေးရွာရှိ ကျောင်းတော်စကျင် တူးဖော်ရေးလုပ်ကွက်အတွင်းမှ တူးဖော်ရရှိထားကြောင်း ဦးတော် တော်နှင့်သားများ ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ဇေယျက ပြောသည်။
‘‘ကျွန်တော်တို့ အခုတူးဖော် ထားတာ တော်တော်ကိုကြီးပါ တယ်။ တန်ချိန် ၂,၉၀၀ လောက် ရှိမယ်။ ထုဆစ်လိုက်မယ်ဆိုရင် တော်တော်ကိုကြီးတဲ့ ကျောက် တော်ကြီးဖြစ်လာမှာပါ’’ ဟု ဦးအောင်ဇေယျက ပြောသည်။

ရန်ကုန်မြို့ရှိ ကျောက်တော် ကြီးဘုရား ထွင်းထုခဲ့သည့် စကျင် ကျောက်တုံးသည် အမြင့်ပေ ၄၀ ကျော်နှင့် ထုထည် ၁၄ ပေရှိပြီး ထပ်မံတူးဖော်တွေ့ရှိထားသည့် ကျောက်တုံးသည် အမြင့်ပေ ၅၀၊ ထုထည်ပေ ၂၀ နှင့် အနံပေ ၃၀ ရှိသည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့အနေနဲ့ ဒါကို ရောင်းချဖို့ လုံးဝစိတ်ကူးမရှိပါ ဘူး။ လှူဖို့အာရုံထားတယ်။ ဘယ်ကိုလှူရမလဲဆိုတာတော့ လျာထားတာ မရှိသေးဘူး။ လူ ကြီးတွေကိုတော့ ဒီလိုရှိတယ်ဆို တာ နှုတ်အားဖြင့်တော့ ပြောပြ ထားပါတယ်။ စာနဲ့ပေနဲ့ တရား ဝင်တော့ မပြောရသေးပါဘူး’’ဟု ၎င်းက ဆိုသည်။

အဆိုပါစကျင်ကျောက်တုံး ကြီးကို အလှူရှင်ပေါ်လာ၍ဖြစ် စေ၊ အစိုးရတာဝန်ရှိသူများနှင့် အများဆန္ဒအရ ဆင်းတုတော်ထု လုပ်ကာ ဘုရားတည်မည်ဆိုလျှင် ဖြစ်စေလှူဒါန်းမည်ဟု ဦးတော်တော်နှင့် သားများကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးအောင်မျိုးကြိုင် က ပြောသည်။

အဆိုပါစကျင်ကျောက်တုံး ကြီးသည် ဒိုင်းမွန်းဝိုင်ယာဖြင့် ဖြတ်ထုတ်ရန်နှင့် ထုဆစ်ရန်သာ လို အပ်တော့ကြောင်း ဦးအောင်မျိုး ကြိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ထင်ရှား သည့် ကျောက်တော်ကြီးဘုရား ငါးဆူရှိပြီး အကြီးဆုံးစကျင် ကျောက်ရုပ်ပွားတော်ကြီးဖြစ်သောမင်းဓမ္မကုန်းတော်ရှိ လောက ချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရားကို ဦးတော်တော်မိသားစုက ၂၀၀၂ တွင် ထွင်းထုလှူဒါန်းထားခြင်းဖြစ်သည်။


7Day News Journal

No comments:

Post a Comment