ဘီးလင်းအရက်ပြန်စက်ရုံကို လုပ်ငန်းရပ်ဆိုင်း
စက်မှုဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ ဘီးလင်းမြို့က စက်မှုသုံးအရက်ပြန် စက်ရုံဟာ စက်မှုမှတ်ပုံတင်ထားခြင်းမရှိတာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်တွေနဲ့ အညီ ဆောင်ရွက်ထားခြင်း မရှိတာကြောင့် လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားဖို့ ပြည်နယ်အစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒီစက်ရုံကထွက်တဲ့အညစ်ကြေးတွေကြောင့် ကန့်ဘဲအင်းရေပါညစ်ပတ်လာတာကို စစ်ဆေးတွေ ရှိတာကြောင့် အစိုးရအဖွဲ့က ယာယီရပ်ဆိုင်းဖို့စာထုတ်တာကို မြို့နယ်က ပြန်စာထုတ်ပေးတာလို့ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ပြောပါတယ်။
အဲဒီစက်ရုံကို လုပ်ငန်းယာယီရပ်ဆိုင်းဖို့ ပြည်နယ်အစိုးရက မေလ ၅ ရက်နေ့ရက်စွဲနဲ့ စာထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် တုန်းကလည်း အဲဒီစက်ရုံက စွန့်ပစ်ရေဆိုးတွေကို ကန်ဘဲ့အင်းထဲကို စွန့်ပစ်တဲ့အတွက် ဒေသခံတွေက ပြည်နယ်အစိုးရကို လက်မှတ်ရေးထိုး တိုင်ကြားခဲ့တဲ့အတွက် ရေဆိုးစွန့်ပစ်မှုကို ရပ်ဆိုင်းခဲ့ပြီး နောက် (၅) လခန့် အကြာမှာတော့ ပြန်လည်စွန့် ပစ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက် တွေအရသိရတယ်။
ဘီလင်းအရက်ပြန်စက်ရုံကို သတ်မှတ်ချက်တွေနဲ့အညီ ဆောက်ရွက်ဖို့နဲ့ စက်ရုံပြန်လည်ပတ် မယ်ဆိုရင် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြဖို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အကြောင်းကြားစာမှာ ပါရှိပါတယ်။
Photo: Kyaw Myo Min/ Facebook
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment