ပြည်နယ်နဲ့ တိုင်း ၃ ခုမှာ တစ်ပတ်အတွင်း မိုးကြီးနိုင်
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတွေမှာ လာမယ့် မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေ ဝသပညာရှင် ဒေါက်တာထွန်းလွင်က သူရဲ့ လူမှုကွန် ယက် စာမျက်နှာရေး သားထားပါတယ်။
အဲဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ပြင်ဆင်ကြဖို့ ဦးထွန်းလွင်က သတိပေးထားပါတယ်။
ဒါ့အပြင် အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းကြောင့် လာ မယ့် မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ မြန်မာနိုင်ငံမြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးရွာနိုင် တယ်လို့လည်း ခန့်မှန်းထားပါတယ်။
အဲဒီ လေပွေလှိုင်းအရှိန်ကြောင့် ရခိုင်၊ ချင်း၊ မကွေး၊စစ်ကိုင်းတိုင်းအောက် ပိုင်း၊မန္တလေး၊ ရှမ်းပြည်နယ်တွေမှာ မိုးရွာနိုင်တယ်လို့ သိရပါတယ်။
ဧပြီလနဲ့ အခု မေလအတွင်း နေရာဒေသအချို့မှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လေပြင်း ကြောင့် နေအိမ်ပျက်စီးတာ၊ သစ်ပင်၊ ဓာတ်တိုင်တွေ ကျိုးကျတာတွေ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
Photo: Tun Lwin Facebook
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment