Latest News

Friday, May 19, 2017

(ဒေါ်)အောင်ဆန်းစုကြည်နှင်းဆီ ပေါ်ထွက်ဖို့ ၄ နှစ်ကြာခဲ့

(ဒေါ်)အောင်ဆန်းစုကြည်နှင်းဆီ ပေါ်ထွက်ဖို့ ၄ နှစ်ကြာခဲ့

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော်ဖြစ်တဲ့ ကူမင်း ခေါ် ခွန်းမင်မြို့မှာ ယူနန်ပြည်နယ်အစိုးရက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့နာမည်နဲ့ ဂုဏ်ပြုခေါ်ဆိုထားတဲ့ နှင်းဆီးပန်းမျိုးစိတ်သစ် တခု မေလ ၁၇ ရက်နေ့က အခမ်းအနားနဲ့ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

 ယူနန်ပြည်နယ် စိုက်ပျိုးရေးတက္ကသိုလ် ပန်းမာန်သိပ္ပံက ပညာရှင်တွေဟာ ၂ဝ၁၂ ခုနှစ်ကစပြီး အဲဒီ နှင်းဆီမျိုးစိတ်သစ် ပေါ်ထွက်ရေးအတွက် သုတေသနပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာ မူလရှိခဲ့တဲ့ နှင်းဆီပန်း နှစ်မျိုးကို မျိုးရိုးဗီဇပြုပြင်ခဲ့ကြတာပါ။ အဲဒီနောက် လေးနှစ်အကြာမှာ အောင်မြင်စွာ ရရှိလာခဲ့တဲ့ အဲဒီ နှင်းဆီမျိုးစိတ်သစ်ကို အခုလို “အောင်ဆန်းစုကြည်နှင်းဆီ” လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။

နှင်းဆီပန်းပေးအပ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နှင်းဆီပင် ကိုရေလောင်းပြီး အောင်ဆန်းစုကြည်ဆိုတဲ့ ပန်းအမည်စာတမ်းပါ တံဆိပ်ကို ပန်းအိုးမှာ ထိုးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီနှင်းဆီက သိပ်လှတာပဲ။ ခေါင်းမှာပန်လို့လည်း ကောင်းမှာပါ။ ဒီပန်းပင်ကို ကျမခြံထဲက ဥယျဉ်မှာ ပြန်စိုက်မယ်၊ ဒါဟာ မြန်မာ-တရုတ် ၂ နိုင်ငံ ချစ်ကြည်ရေးရဲ့ သက်သေသာဓကပါပဲလို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေက  ဒေါ်အောင်ဆန်းစုကြည်ကို ဆူးနဲ့နှင်းဆီလို့ တင်စားပြောဆိုကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပန်းတွေကို အမြတ်တနိုးနဲ့ သူမ ဦးခေါင်းမှာ အမြဲတန်းဝေနေအောင် ပန်ဆင်လေ့ရှိကြောင်း စသဖြင့် မနေ့ကထုတ်ဝေတဲ့ China Daily သတင်းစာမှာ ဖေါ်ပြထားပါတယ်။

RFA

No comments:

Post a Comment