Latest News

Friday, May 12, 2017

လှိုင်သာယာမြို့နယ်တွင် ၁၇ ရက်အတွင်း ကျူးကျော်အိမ်ထောင်စု နှစ်သောင်းခွဲအား အထောက်အထားကတ်ပြားများထုတ်ပေး

လှိုင်သာယာမြို့နယ်တွင် ၁၇ ရက်အတွင်း ကျူးကျော်အိမ်ထောင်စု နှစ်သောင်းခွဲအား အထောက်အထားကတ်ပြားများထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်တွင် ကျူးကျော်စာရင်းများ ကောက်ယူခဲ့ ရာ ၁၇ ရက်အတွင်း ကျူးကျော်အိမ်ထောင် စု နှစ်သောင်းခွဲအား အထောက်အထားကတ် ပြားများ ထုတ်ပေးခဲ့ကြောင်း မေ ၁၂ ရက်တွင် စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ်တွင် ကျူးကျော်စာ ရင်းများကို ဧပြီ ၂၅ ရက်မှ မေ ၁၁ ရက်အထိ ကောက်ယူရန် သတ်မှတ်ထားခဲ့ပြီး သတ်မှတ် ထားသည့်ရက်အတွင်း ကျူးကျော်နေထိုင် သည့် အိမ်ထောင်စု ၂၅ç၀၀၀ ကျော်အား စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုများ အား သတ်မှတ်ရက်အတွင်း စာရင်းများ ကောက်ယူခဲ့သော်လည်း ကျူးကျော်နေထိုင် သည့် အိမ်ထောင်စုများ ထပ်မံကျန်ရှိနေသေး သဖြင့် စာရင်းကောက်ယူမည့်ရက်အား ထပ် မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကျူးကျော်အိမ်ထောင်စုများ အား စာရင်းကောက်ခံနေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စား လှယ် ဦးမြတ်မင်းသူအား ဆက်သွယ်မေးမြန်း ရာ ၎င်းင်းက]]ပြီးတော့မပြီးသေးဘူး။ ကောက် နေဆဲပဲ။ လောလောဆယ်တော့ နှစ်သောင်းခွဲ ကျော်သွားပြီ။ လှိုင်သာယာလိုနေရာမျိုးမှာ ကျူးကျော် စာရင်းက လေးငါးသောင်းလောက် ရှိမယ်လို့ မျှော်မှန်းထားတာ။ ကျူးကျော်စာ ရင်းတွေမပြီးရင် ဆက်ပြီးကောက်ဖို့ ကျွန် တော်တို့ကို ပြောထားတာရှိတယ်။ လက်ရှိအ ချိန်အထိတော့နှစ်သောင်းခွဲကျော်သွားပြီ။ မပြီးတဲ့ဟာတွေကို ဆက်ပြီးကောက်မယ်လို့ ညွှန်မှူးက ကျွန်တော်တို့ကိုပြောတယ်။ စာ ရင်းကောက်ဖို့ မပြီးသေးတဲ့နေရာတွေက တော်တော်များများ ကျန်သေးတယ်}}ဟု မေ ၁၂ ရက်တွင် ပြောကြားသည်။

လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော် စာရင်းကောက်ခံနေမှုကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးစီး၍ အဖွဲ့ရှစ်ဖွဲ့ခွဲ ကာ ရွှေလင်ပန်းစက်မှုဇုန်၊ အမှတ် (၆) ရပ် ကွက်၊ ရေဥက္ကံကျေးရွာ၊ ညောင်ကျေးရွာအုပ်စု စသည့် နေရာလေးခု၌ တစ်နေရာလျှင် အဖွဲ့နှစ်ဖွဲ့စီခွဲ၍ ကျူးကျော်စာရင်းများ ကောက်ခံကာ အထောက်အထားကတ်ပြား များ ထုတ်ပေးနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူး ကျော်စာရင်းများကောက်ခံနေသည့် စီမံကိန်း အား ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးရေးသုတေ သနစီမံကိန်း၊ ကျူးကျော်နေထိုင်သူများစာ ရင်းကောက်ယူရေးစီမံချက်ဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ မြောက် ဥက္ကလာ၊ သာကေတ၊ သန် လျင်၊ ကျောက်တန်း၊ ဒလ၊ ဒဂုံဆိပ်ကမ်း၊ မရမ်းကုန်း စသည့်မြို့နယ် များတွင် ကျူးကျော်စာရင်းများ ကောက်ခံပြီး စီးခဲ့ပြီးဖြစ်ကြောင်း ကျူးကျော်စာရင်းကောက် ခံနေသည့်အဖွဲ့များထံမှ သိရသည်။

ကျူးကျော်နေထိုင်သည့် အိမ်ထောင်စု များအား သက်သေခံကတ်ပြားများ ထုတ်ပေး ရာတွင် အမှန်တကယ်ကျူးကျော်နေထိုင်သူ များကိုစိစစ်ပြီး အိမ်ထောင်စုအလိုက် ဓာတ်ပုံ ရိုက်ခြင်း၊ လက်ဗွေနှိပ်ခြင်း စသည်တို့ အဆင့် ဆင့်ပြုလုပ်ကာ အထောက်အထားကတ်ပြား ထုတ်ပေးခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူး ကျော်စာရင်းကောက်ယူရန် မြို့နယ် ၁၃ မြို့ နယ်သတ်မှတ်ထားပြီး အဆိုပါ ၁၃ မြို့နယ် တွင် စာရင်းများကောက်ယူပြီးစီးပါက အခြား မြို့နယ်များတွင်လည်း ကျူးကျော်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment