ချင်းတွင်းတာရိုးပေါ်ရှိ အဆောက်အအုံနှင့် အမှိုက်စွန့်ပစ်မှုများ အရေးယူရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ပြောကြား
ခန္တီးမြို့ကို ရေကြီးမှုဒဏ် ကာကွယ်ပေးမည့် ချင်းတွင်းတာ ရိုးပေါ်ရှိ အဆောက်အအုံများနှင့် အမှိုက်စွန့်ပစ်မှုများကို ထိရောက် စွာအရေးယူရန် မေလ ၁၁ ရက် က ခန္တီးမြို့ပေါ်ရှိ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများ လှည့်လည် ကြည့်ရှုစဉ် ဌာဆိုင်ရာတာဝန်ရှိသူ များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြော ကြားခဲ့သည်။
‘‘တာပေါင်ပေါ်မှာ အမှိုက် တွေချ၊ ဟိုလုပ် ဒီလုပ်နဲ့ နောက် ဆုံးမြို့ပါ ဒုက္ခရောက်ဦးမယ်။ အကုန်ဖယ်ပါ။ ဒီမှာရေတားဖို့ လုပ်ရင်း လုပ်ရင်းနဲ့ မြို့က ပျက် စီးတော့တာ။ လူတွေ ဒီလမ်းပေါ် ညနေတိုင်းလမ်းလျှောက် အားက စားလုပ်လုပ်၊ လူထုအပန်းဖြေနား နေနိုင်အောင် လုပ်ထားတာ။ သပ်သပ်ရပ်ရပ်လှလှပပနဲ့ မြို့အ ပန်းဖြေစရာဖြစ်အောင် လုပ်ထား တာ။ အမှိုက်ပစ်တဲ့သူကိုတား၊ တာရိုးပေါ်မှာ အဆောက်အအုံ ဆောက်တဲ့သူကို ဥပဒေနဲ့အညီ အရေးယူပါ’’ ဟု ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
ခန္တီးမြို့ပေါ်ရှိ အရည်အသွေးပြည့်မီခြင်းမရှိသော လမ်းကိုသွားရောက်စစ်ဆေးခဲ့ပြီး အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်ရန် ၀န်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများကို မှာကြားခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း စစ် ကိုင်း၊ ရွှေဘို၊ ကသာ၊ မုံရွာ၊ ကလေး၊ ခန္တီးမြို့များကို ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သော မြို့တော်ခြောက်မြို့အဖြစ်သတ်မှတ်ထားရှိခဲ့သည်။ ထိုမြို့များတွင် ခန္တီးမြို့လည်း ပါဝင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊မြို့သန့်ရှင်းသာယာလှပရေးအတွက် ပိုအရေးကြီးကြောင်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
ခန္တီးမြို့ချင်းတွင်းမြစ်ကမ်း မြေသားတာရိုးသည် အလျားပေ ၁၃,၃၀၀၊ အမြင့် ၅ ပေ၊ အကျယ် ပေ ၂၀ ရှိပြီး တာတမံဖို့ခြင်း လုပ် ငန်းကို ယခုနှစ်အတွင်း အကောင် အထည်ဖော် တည်ဆောက်ခဲ့ သည်။
7Day News Journal
Friday, May 12, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment