Latest News

Sunday, May 28, 2017

ဘုရင့်နောင်ကုန်စည်ဒိုင် ၂ နှစ်အတွင်း အပြီးပြောင်းရမည်

ဘုရင့်နောင်ကုန်စည်ဒိုင် ၂ နှစ်အတွင်း အပြီးပြောင်းရမည်

ဘုရင့်နောင် ကုန်စည်ဒိုင်ရှိပွဲရုံများ အတွက် မြေဂရန်ငှားရမ်းမှု သက်တမ်း တိုးမြှင့်ပေးရန် ညှိနှိုင်းမှုကို ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆန်လိုက်ခြင်းကြောင့် ပွဲရုံများ အနေနှင့် လက်ကျန်စာချုပ်သက်တမ်း ၂နှစ်အတွင်း အပြီးပြောင်းရမည်ဖြစ် ကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ၏ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်း၏ မြေငှားဂရန်များကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ မေလအတွင်း ညှိနှိုင်းခဲ့ရာတွင် ဝန်ကြီးဌာန အနေနှင့် မြေဧရိယာများကို အသုံးပြုရန် ရှိနေခြင်းကြောင့် ထပ်မံငှား မပေးခြင်းဖြစ်ကြောင်း ဦးရန်ရှင်းက ပြောဆိုသည်။

“ငှားရမ်းကာလ ထပ်တိုးပေးဖို့ ညှိနှိုင်းတာ အဆင်မပြေဘူး၊ ဒီမြေတွေက တိုင်း အစိုးရအဖွဲ့ အနေနဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေနေရာ မဟုတ်တော့ စာချုပ်ပါအတိုင်း ရွှေ့ရမှာပဲ။ ပွဲရုံတွေက အခြေတကျ ရှိနေပြီးတော့ ဈေးကွက်ခိုင်မာနေတော့ ဘယ်ပြောင်းချင်မလဲ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံများကို ရွှေပြည်သာမြို့နယ် အတွင်းရှိ ဝါးတရာသို့ ရွှေ့ပြောင်းပေးရန် တိုင်းအစိုးရအဖွဲ့က စီစဉ်ထားရာ အစိုးရသစ် လက်ထက်တွင် ဆောင်ရွက်သွားမည့် ရန်ကုန်မြို့ ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၌ မြို့တွင်း မြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများ၊ ရန်ကုန်တောင်ပိုင်းခရိုင် စီမံကိန်းများအပြင် ဝါးတရာတံတား စီမံကိန်းလည်း ပါဝင်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“တပ်မတော်ဘက်က စာချုပ်နဲ့ ငှားဖို့ သဘောမတူတော့ ကုန်စည်ဒိုင်ဝင်းက ပြောင်းတော့ပြောင်းရမှာပဲ။ ဒါပေမဲ့ ပွဲရုံနေရာတွေက အခြေကျပြီးသားမို့ ပြောင်းရွှေ့ဖို့ ၂ နှစ်နဲ့ မပြီးပြတ်ရင် အချိန် ထပ်ပေးဖို့ တိုက်တွန်းပေးမယ်”ဟု ၎င်းက ပြောကြားသည်။

The Voice

No comments:

Post a Comment