Latest News

Sunday, May 28, 2017

ဥရောပအနေနဲ့သူများကို အားကိုးနေလို့မရတော့ဘူးလို့ မာကဲလ်ပြော

ဥရောပအနေနဲ့သူများကို အားကိုးနေလို့မရတော့ဘူးလို့ မာကဲလ်ပြော

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျင်းပသွားတဲ့ နေတိုးစည်းဝေးပွဲနဲ့ ဂျီ-၇ လို့ ခေါ်တဲ့ စက်မှု နိုင်ငံကြီးများ  စည်းဝေးပွဲတွေအခြေအနေ အရ ဥရောပနိုင်ငံတွေအနေနဲ့ သူများကို အားကိုးနေလို့မရတော့ဘဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်အောင် လုပ်ကြရလိမ့်မယ်လို့ ဂျာမန် ဝန်ကြီးချုပ် မီးစ် အန်ကလာ မာကဲလ်က ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ ထရမ့်က စည်းဝေးပွဲတွေမှာ နေတိုး မဟာမိတ်တွေကို ဝေဘန် ပြစ်တင်စကားတွေ ပြောပြီး ကမ္ဘာဥတုရာသီဖေါက်ပြန်မှု ထိမ်းသိမ်းရေး စာချုပ်ကို လက်မှတ်မထိုးနိုင်သေးဘူးလို့ ပြောခဲ့တာတွေကို  မီးစ် မာကဲလ်က ရည်ညွှန်း ပြောသွားတာပါ။

မြုးနစ်မြို့ အခန်းအနားတရပ်မှာ သူက ဥရောပအနေနဲ့ သူများကို အားကိုးအားထား လုပ်နိုင်တဲ့ ခေတ်ကာလ ကုန်ဆုံးလုနီးနီး ဖြစ်သွားပြီ - အမေရိကန်တို့ ဗြိတိန်တို့ဟာ အိမ်နီးချင်းကောင်းတွေ လို ရှိနေမှာ ဖြစ်ပေမယ့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ လိုလာပြီ လို့ ဆိုပါတယ်။

နေတိုး အဖွဲ့ စည်းဝေးပွဲ မှာ မစ္စတာ ဒေါ်နယ်လ်ထရမ့်က နေတိုး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့  ကာကွယ်ရေးအတွက် ထိုက်သင့်သလို ငွေကြေးထည့်ဝင်မှု မရှိဘူးလို့ ထပ်မံ ပြစ်တင်စကား ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ - badische-zeitung /RFA

No comments:

Post a Comment