Latest News

Sunday, April 23, 2017

အမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိမ်းနိုင်ဘဲ starex မော်တော်ယာဉ် တိမ်းမှောက်

အမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိမ်းနိုင်ဘဲ starex မော်တော်ယာဉ် တိမ်းမှောက်


နေပြည်တော် ဧပြီ ၂၃

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၃၆/၀နှင် ၁ အကြားနေပြည်တော် ဘက်မှ မန္တလေးဘက်သို့ယာဉ်မောင်း ဇော်မျိုးဝင်းမောင်နှင် လာသော STAREX မော်တော်ယာဉ်သည် ယနေ့နံနက် ၄ နာရီ ၃၅ မိနစ်က ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း ကာရံထားသောအလူမီနီယံတန်းကို တိုက်ကာတစ်ပတ်လိမ့် တိမ်းမှောက်၍ အတည်အတိုင်းပြန်ကျခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ၁၂ ဦးအနက် အမျိုးသား ၂ ဦး အမျိုးသမီ ၃ ဦး ပေါင်း ၅ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား စကားအင်း အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ကားဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ရကြောင်းသိရ သည်။

သို့ပါ၍ ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအား ယာဉ် (ပ)၁၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ညီညီသန်း(နေပြည်တော်)
ဓာတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့

No comments:

Post a Comment