Latest News

Sunday, April 23, 2017

သာပေါင်းမြို့နယ်၊ ဆင်ဖူးကုန်းကျေးရွာတွင် ဆင်ရိုင်း နှစ်ကောင်ရောက်ရှိကာ လူသတ်ဖြတ်သည်အထိ သောင်းကျန်းသဖြင့် လုံခြုံရေးတင်းကြပ်ထား

သာပေါင်းမြို့နယ်၊ ဆင်ဖူးကုန်းကျေးရွာတွင် ဆင်ရိုင်း နှစ်ကောင်ရောက်ရှိကာ လူသတ်ဖြတ်သည်အထိ သောင်းကျန်းသဖြင့် လုံခြုံရေးတင်းကြပ်ထား



ပုသိမ်၊ ဧပြီ (၂၂) ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဆင်ဖူးကုန်းကျေးရွာတွင် ဆင်ရိုင်း နှစ်ကောင်ရောက်ရှိကာ လူသတ်ဖြတ်သည်အထိ သောင်းကျန်းနေသဖြင့် သာပေါင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှကျေးရွာအား လုံခြုံရေးတင်းကြပ် ပေးထားကြောင်း သိရှိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ မနက် ၈ နာရီမှစတင်ကာ ဆင်ဖူးကုန်းကျေးရွာတွင် တောဆင်ရိုင်း နှစ်ကောင် ဝင်ရောက်မှုကြောင့် အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဆင်နင်းခံရသဖြင့် သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ ရွာအနီးတစ်ဝိုက်တွင် ညအိပ်လုံခြုံရေးယူပေးထားကာည ၇ နာရီအချိန်ထိ ဗျောက်အိုးများဖြင့် ခြောက်လန့်ပစ်ဖေါက်နေရကြောင်း သာပေါင်းမြို့မရဲစခန်းမှ သိရသည်။

“ဆင်ကလောလောဆယ်တော့ ရွာနားကတောစပ်ထဲမှာ အခြေပြုနေတုန်းပဲ မောင်းလို့မရသေးဘူး။ ရွာကိုတော့ ရဲလုံခြုံရေးအပြည့်ချပြီး အခြေပြုထားတယ်။ ဒီညတော့ မမောင်းရဲတော့ဘူး။ မနက်ဖြန်ကျရင်တော့ သစ်တောအဖွဲ့နဲ့ပေါင်းပြီး ဆင်လိုက်အဖွဲ့ကို ခေါ်ထားတယ်။ သူတို့အဖွဲ့ရောက်လာရင်တော့ ရဲအဖွဲ့နဲ့ပေါင်းပြီး မောင်းမယ်။”ဟု သာပေါင်းမြို့မ ရဲစခန်းမှ ဒုရဲမှူး မြင့်လွင်က ပြောသည်။

လတ်တလောအခြေအနေတွင် နေ့လည်က ထိတ်လန့်လျှက်ရှိသော ရွာသည်ပုံမှန်ပြန်ဖြစ်သွားပြီး နေ့လည်က ရဲတပ်ဖွဲ့နှင့် အတူလုံခြုံရေးယူပေးထားသော အမှတ် (၃၀၈)ခြေမြန်တပ်ရင်းမှ စစ်သည် ရဲဘော်များလည်း ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

အဆိုပါ ဆင် ၂ ကောင်သည် ဧပြီ ၂၂ ရက် နံနက် ၈ နာရီခန့်က ဆင်ဖူးကုန်းကျေးရွာအနီးရှိ စပါးခင်းများ အတွင်းဝင်ရောက်ပြီး စပါးများကို စားသောက်နေစဉ် လာရောက်ခြောက်လှန့် မောင်းနှင်သော ဦးသန်းဝင်း (၅၉)နှစ်အား နှာမောင်းဖြင့် ရစ်ပါတ်ခေါ်ဆောင်ပြီး သတ်ခဲ့သဖြင့် ဦးသန်းဝင်းသည် ဦးခေါင်းပိပြားဒဏ်ရာ၊ ယာပေါင်ကွဲပြဲဒဏ်ရာ၊ နံရိုးများကျိုးသည့်ဒဏ်ရာ၊ နာခေါင်းနှင့်နားသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ထပ်ပြီးဒေသခံတွေ အန္တရာယ်မဖြစ်အောင် လုပ်နေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် အခင်းဖြစ်တဲ့နေရာမှာ ရှိနေပြီးအခြေအနေ အားလုံးထိန်းသိမ်းနိုင်အောင်ကြိုးစားဆောင်ရွက်နေပါတယ်။” ဟု သာပေါင်းမြို့နယ်
ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းကပြောသည်။

အခင်းဖြစ်ဖြစ်ခြင်း ၎င်းနေရာနှင့် ပတ်ဝန်းကျင်အား သာပေါင်းမြို့မရဲစခန်းမှ စခန်းမှူးပါ (၂၀) ဦး၊ အရာရှိတပ်ဖွဲ့ဝင် (၆)ဦး၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ပါ (၆)ဦး ပူးပေါင်းအဖွဲ့တို့မှ ကျေးရွာ ဘုန်းကြီးကျောင်းတွင် အခြေပြု၍ နေ့လည်ပိုင်းတွင် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း (မြစ်မခ)

No comments:

Post a Comment