Latest News

Saturday, April 1, 2017

ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွှေ့ NLD မျှော်လင့်ချက် ရှိတယ်လို့ ဗိုလ်တထောင် အမတ်ပြော

ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွှေ့ NLD မျှော်လင့်ချက် ရှိတယ်လို့ ဗိုလ်တထောင် အမတ်ပြော

အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွှေ့ ပြည်သူတွေ အနေဖြင့် NLD အပေါ်  မျှော်လင့်ချက် ဆက်ရှိ နေဦးမည် ဟု ဗိုလ်​တစ်​​ထောင်​မြို့နယ်​ ​ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​ ​ဒေါ်မြင့်​မြင့်​စိုး က ၎င်း၏ အမြင်ကို ပြောကြားလိုက်သည်။

"ကျွန်​မတို့ရဲ့​ ခေါင်း​ဆောင်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ရှိနေသရွှေ့ လူ​တွေရဲ့ မျှော်လင့်​ချက်​က NLD ​ပေါ်မှာပဲ မျှော်လင့်​​နေတုန်း ရှိပါ​သေးတယ်​" ဟု ​ဒေါ်မြင့်​မြင့်​စိုး က ကြားဖြတ်​​ ရွေး​ကောက်​ပွဲ အတွက်​ ဒဂုံမြို့သစ်​ (ဆိပ်​ကမ်း) မှာ မဲလာ​ရောက်​​ ပေးစဉ်​​​ ပြောကြားခဲ့တာ ဖြစ်​သည်​။

NLD အစိုးရ အ​နေဖြင့် အစိုးရ သက်​တမ်း တစ်​နှစ်​ အတွင်းမှာ ပြည်​သူလူထု​ မျှော်လင့်​ထား သကဲ့သို့ အားရ​ ကျေနပ်​မှု မရှိ​သော်လည်း ​ပြည်​သူ​များ အနေဖြင့် မျှော်လင့်ချက် ရှိသေးကြောင်း ၎င်းက ဆက်လက် ပြောသည်။

"ကြားဖြတ်​​ ရွေး​ကောက်​ပွဲမှာ​ NLD အ​နေနဲ့ အပြတ်​သတ်​နိုင်​ဖို့ အ​ရေးကြီးတယ်​။ ဒါမှလည်း လွှတ်​​တော်​ထဲမှာ အင်​အား​တောင့်​မှာ" ဟု ဗိုလ်​တစ်​​ထောင်​မြို့နယ်​ ​ပြည်​သူ့လွှတ်​​တော်​ ကိုယ်စားလှယ်​   ​ဒေါ်မြင့်​မြင့်​စိုး က ​ပြောသည်​။

လက်ရှိ ကျင်းပ​နေသည့် ကြားဖြတ်​​ ရွေး​ကောက်​ပွဲတွင် လစ်​လပ်​ မဲဆန္ဒနယ်​ ၁၉​ နေရာ အတွက်​ အမျိုးသား ဒီမိုက​ရေစီ အဖွဲ့ချုပ်​က ပြည်​သူ့လွှတ်​​တော်​ ကိုယ်စားလှယ်​ ၉ ဦး အမျိုးသား လွှ​တ်တော်​ ကိုယ်​စားလှယ်​ ၃ ဦးနှင့်​ တိုင်းနှင့်​ပြည်​နယ်​ အတွက်​ ၆ ဦး စုစု​ပေါင်း ၁၈ ဦး ဝင်​​ရောက်​ယှဉ်ပြိုင်​နေခြင်း ဖြစ်သည်။ မဇ္ဈိမ

No comments:

Post a Comment