Latest News

Saturday, April 1, 2017

အသက် ၁၀၁ နှစ်အရွယ် အဖွားအို၏ မဲ

အသက် ၁၀၁ နှစ်အရွယ် အဖွားအို၏ မဲ


စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ သလ္လာအမှတ် (၄) ရပ်ကွက် ၊ မဲရုံအမှတ် (၂) သို့ အသက် ၁၀၁ နှစ် အရွယ် အဖွားအို တစ်ဦး လာရောက် မဲပေးကြောင်း သတင်း ရရှိပါသည်။

ယနေ့ ပြုလုပ်နေသော ကြားဖြတ် ရွေးကောက်ပွဲ ကာလ အတွင်း အချို့သော နယ်ပယ် တို့တွင် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်မဝင်စားမှု ၊ လာရောက် မဲပေးမှု အရေအတွက် နည်းပါးနေကြသည်ဟု ဝေဖန် ပြောဆို နေကြချိန်တွက် အဖွားအိုက ကိုယ်တိုင် လာရောက် မဲပေးခဲ့ခြင်း ဖြစ်သည်။

အသက် ၁၀၁ နှစ် ရှိပြီဖြစ်တဲ့ အဖွားရဲ့ ခံယူချက်ကို မေးမြန်းကြည့်ရာ "မဲပေးခွင့် ရှိသူတိုင်း ကိုယ်ယုံကြည်ရာ ပါတီကို မဲပေးသင့်တယ်" ဟု ပြောသွားကြောင်း မဲရုံစောင့်များ ထံက သတင်းရရှိသည်။ မဇ္ဈိမ

ဓာတ်ပုံ - မျိုးချစ်သွေး မြေလတ်

No comments:

Post a Comment