Latest News

Monday, April 10, 2017

နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ပေါ်စေရေးအတွက် အတူတကွဆောင်ရွက်ခဲ့ကြရန် မြန်မာနိုင်ငံနှင့် တရုတ်ပူးတွဲကြေညာချက် ထုတ်ပြန်

နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ပေါ်စေရေးအတွက် အတူတကွဆောင်ရွက်ခဲ့ကြရန် မြန်မာနိုင်ငံနှင့် တရုတ်ပူးတွဲကြေညာချက် ထုတ်ပြန်


၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၆ ရက်မှ ၁၁ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ် ခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခချန်း၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျန်းတဲ့ကျန်းတို့နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့ပါသည်။

အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတိုးတက်စေရေးအတွက် နှစ်ဦးနှစ်ဖက် အလေးအနက် အမြင်ချင်းဖလှယ်ခဲ့ကြပြီး တူညီဆန္ဒများ ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပါသည်။

၂။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် သုံးသပ်ခဲ့ကြပြီး၊“'ဆွေမျိုးပေါက်ဖော်'ချစ်ကြည်ရင်းနှီးမှုအပေါ် အလေး ထားပြောကြားခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား လွန်ခဲ့သည့် နှစ်ပေါင်း (၆၇)နှစ်ကျော်ကာလက သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့စဉ် ကတည်းကပင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်ကို အစဉ်တစိုက် လိုက်နာကျင့်သုံးခဲ့ကြပြီး၊ နှစ်ဖက်ပြည်သူများ၏ လက်တွေ့ ကျသော အကျိုးစီးပွားအား ဖော်ဆောင်ပေးသည့် နှစ်နိုင်ငံ ဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ပေါ်စေရေးအတွက် အတူတကွ ဆောင်ရွက်ခဲ့ကြကြောင်း နှစ်ဖက်လုံးက သဘောတူညီခဲ့ကြပါသည်။

၃။ နှစ်ဖက်အကြား အိမ်နီးချင်းကောင်းပီသသော ဆက်ဆံရေးမူဝါဒကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး မဟာဗျူဟာမြောက် ရေရှည်မျှော်မှန်းချက် တစ်ရပ် ချမှတ်ကာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထားလျက် နှစ်နိုင်ငံအကြား ရှိရင်းစွဲဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ဆောင်ရွက်သွားကြရန် ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။

၎။ နှစ်နိုင်ငံအဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် နီးကပ် သည့် အဆင့်မြင့်ထိတွေ့ဆက်ဆံမှုများကို ထိန်းသိမ်းသွားရန်၊ နိုင်ငံတကာမျက်နှာစာ တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံအကြား အဆင့်အသီးသီးတွင် ချစ်ကြည်ရင်းနှီးမှုများ ဖလှယ်သွားရန်၊ မဟာဗျူဟာကျသော ဆက်သွယ်မှုများကို မြှင့်တင်ရန်နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများ နက်ရှိုင်းစွာဖလှယ်သွားရန် သဘောတူညီခဲ့ကြပါသည်။

၅။ တရုတ်နိုင်ငံက အဆိုပြုထားသည့် ''ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု'' အစီအစဉ်ကိုလည်းကောင်း၊ ၂ဝ၁၇ခုနှစ်၊ မေလတွင် ''ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု အစီအစဉ်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး ပွဲ''ကို တရုတ်နိုင်ငံ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးကိစ္စကိုလည်းကောင်း မြန်မာ နိုင်ငံက အားပေးထောက်ခံပါသည်။

၆။ နှစ်နိုင်ငံအကြား ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားစေရေးနှင့် နှစ်နိုင်ငံအကြား ဘုံတိုးတက်မှုမြှင့်တင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် စီးပွားရေး နှင့် ကုန်သွယ်ရေးပူးတွဲကော်မတီ၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၊ လျှပ်စစ်စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ စသည့် အစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု ယ္တရားများကို ထိရောက်စွာအသုံးချရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်၊ ပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုစွမ်းအား စသည့်ကဏ္ဍ များတွင် နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် လျှောက်လှမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပုံမှန်တိုးတက်ရေးတို့အပေါ် ထောက်ခံအားပေးခဲ့ပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေး အတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုလျက် အကူအညီများ အစွမ်းကုန်ပေးအပ်ရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါ သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ခိုင်မာစွာရပ်တည် ထားချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဗက်နှင့် ရှင်းကျန်းဒေသအရေး တို့နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ဆက်လက်ထောက်ခံကြောင်း ဖော်ပြခဲ့ပါသည်။

၈။ နှစ်နိုင်ငံအကြား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသများတည်ငြိမ် အေးချမ်းရေး၊ ယင်းဒေသရှိ ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေရေးတို့ကို ထိရောက်စွာ အတူတကွဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ ယ္တရားကို ဆက်လက် ၍ ထိရောက်စွာအသုံးပြုသွားကြရန် သဘောတူညီခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးဆွေးနွေး ပွဲများမှတစ်ဆင့် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်နေမှုကို တရုတ်နိုင်ငံ အနေဖြင့် ထောက်ခံအားပေးကြောင်း ဖော်ပြခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံ မှ ကူညီဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သောကဏ္ဍမှ ဆက်လက်ကူညီရေးကို ကြိုဆိုကြောင်း ဖော်ပြခဲ့ပါသည်။

၉။ နှစ်နိုင်ငံအကြား ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်ရန်အတွက် ကုလသမဂ္ဂ၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက် မှုအစီအစဉ်နှင့် အခြားနိုင်ငံတကာမျက်နှာစာများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက် နေမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပါသည်။

၁ဝ။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ¤င်း၏ ခရီးစဉ်အတွင်း မြန်မာကိုယ်စား လှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုနှင့် ဧည့်ဝတ်ကျေပွန်မှုများအတွက် သမ္မတ မစ္စတာရှီကျင့်ဖျင်အား ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ သမ္မတ မစ္စတာရှီကျင့်ဖျင်အား နှစ်ဖက်အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ပါရန် ဖိတ်ကြားခဲ့ပါသည်။ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ကလည်း ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့ ပါသည်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment