Latest News

Monday, April 10, 2017

ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းလာနိုင်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်

ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းလာနိုင်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်

နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အခြေခံစံနှုန်းများအဖြစ် နိုင်ငံတကာ အသိုက် အဝန်းက ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူကြီး ၅ ရပ်” ကို ထုတ်ပြန်ကျင့်သုံးခဲ့ သည်မှာ ဆယ်စုနှစ်များစွာ ရှည်ကြာတည်တံ့ခဲ့ပြီဖြစ်သည်။

တိတိကျကျဆိုရလျှင်မြန်မာ-တရုတ်နှင့် အိန္ဒိယ သုံးနိုင်ငံတို့မှ ခေါင်းဆောင်ကြီး များက စတင်ဖော်ထုတ်ခဲ့ပြီး ၁၉၅၄ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည့် အတွက် ၆၃ နှစ်တာ သက်တမ်းသို့ပင်ရောက်ရှိခဲ့ပြီဖြစ်သည်။

က္ဘာ့ငြိမ်းချမ်းရေး၊ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်ရေး စသည်ဖြင့် နိုင်ငံတကာ ရေးရာများတွင် အကျိုးသက်ရောက်စေခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို ၁၉၅၄ခုနှစ် ဇွန်လအတွင်း တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ မြန်မာ နိုင်ငံနှင့်အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အတူတကွထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူကြီး (၅) ရပ်မှာ-

(၁) တစ်နိုင်ငံနှင့်တစ်နိုင်ငံ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်
နယ်မြေတည်တံ့မှုကို အပြန်အလှန်လေးစားရေး၊
(၂) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရေး၊
(၃) တစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် အခြားနိုင်ငံမှ ဝင်ရောက်
စွက်ဖက်မှုမပြုလုပ်ရေး၊
(၄) တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား တန်းတူညီမျှစွာ ဆက်ဆံရေးနှင့်
အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိရေး၊
(၅) တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်
ရေးတို့ဖြစ်သည်။

ဖော်ပြပါ မူကြီး ၅ ရပ်ကို စတင်ဖော်ထုတ်ကျင့်သုံးခဲ့ကြသော မူလနိုင်ငံ သုံးနိုင်ငံဖြစ်သော မြန်မာ-တရုတ်-အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်အဆက်ဆက်တို့သည်လည်း ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး၅ ရပ်ကို နှစ်ပေါင်း ၆၀ ကျော်ကာလ တစ်လျှောက်လုံး အထူးအလေးအနက်ထားကာ ကျင့်သုံးခဲ့ကြသည့် အလျောက် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အကျိုးစီးပွားများကိုလည်း အပြန်အလှန်စောင့် ရှောက်ပေး နိုင်ခဲ့ကာ မူကြီး ၅ ရပ်၏ အရေးပါမှုမှာလည်း အနာဂတ်ကာလသို့တိုင် ဆက်လက်တည်တံ့ကာ ပိုမိုမြင့်မားလာ လျက်ရှိသည်ဟု ရှုမြင်နိုင်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပရာတွင်လည်း ဆွေမျိုးပေါက်ဖော်ဆက် ဆံရေးမှ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ မိတ်ဖက်နိုင်ငံ များ ဆက်ဆံရေးအဆင့်သို့ တိုးတက်ရောက်ရှိခဲ့ပြီး အဆိုပါဆက်ဆံရေး အခြေအနေကို ပိုမိုမြှင့်တင်သွားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ဖြစ်ထွန်းရေးနှင့်တကွ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကိုပါ အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။

တရုတ်နှင့်မြန်မာတို့မှာ နှစ်နိုင်ငံအကြား ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ် ချင်း ထိစပ်နေပြီး ရှည်လျားသည့် သမိုင်းတစ်လျှောက် တန်းတူရည် တူချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဆက်ဆံခဲ့ကြသည့် နိုင်ငံများဖြစ်သည့်အပြင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး မှသည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးသို့ တိုးတက်ရောက် ရှိနေသော နိုင်ငံများဖြစ်ရာ အနာဂတ် ကာလတွင် လည်းငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေ ထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုး တက်မြင့်မားလာမည်ဟု လေးနက်စွာ ယုံကြည်ပါကြောင်း။ ။
ပြန်ကြားရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment