Latest News

Monday, April 10, 2017

အောင်ဝင်းခိုင်သည် ၎င်းတို့နိုင်ငံတွင် မရှိကြောင်း အာဆီယံနိုင်ငံအချို့ အကြောင်းပြန်

အောင်ဝင်းခိုင်သည် ၎င်းတို့နိုင်ငံတွင် မရှိကြောင်း အာဆီယံနိုင်ငံအချို့ အကြောင်းပြန်

အောင်ဝင်းခိုင်ရဲ့ နောက်ကြောင်းကိုကြည့်ရင် သူကသံဖြူဇရပ်မှာ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ဖူးတယ်။

ဦးကိုနီလုပ်ကြံခံရမှုမှ တရားခံပြေး အောင်ဝင်းခိုင်ဟာ သူတို့နိုင်ငံအတွင်း မရှိကြောင်း အာဆီယံနိုင်ငံအချို့က အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

‘‘အာဆီယံနိုင်ငံတချို့က အကြောင်းပြန်တာကတော့ တရားဝင် ဝင်ပေါက်တွေက စိစစ်မှုအရတော့ အာဆီယံနိုင်ငံ တစ်ဝက်ကတော့ မရောက်ဘူးလို့ ပြန်ကြားလာပါတယ်’’ လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြော ထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

တရားခံပြေး အောင်ဝင်းခိုင်ကို နေပြည်တော်မှာသာ ရှာဖွေတာမဟုတ်ဘဲ တိုင်းနဲ့ပြည်နယ်တွေကို အောင်ဝင်းခိုင်ရဲ့ ဓာတ်ပုံတွေပေးပို့ကာ ရှာဖွေနေတယ်လို့ ဧပြီ ၁၀ ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

‘‘အောင်ဝင်းခိုင်ရဲ့ နောက်ကြောင်းကိုကြည့်ရင် သူကသံဖြူဇရပ်မှာ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ဖူးတယ်။ သူ့အဆက်အနွှယ်တွေက နယ်စပ်တွေမှာရှိနိုင်တယ်။ အဲဒါကြောင့်မို့ ပြည်တွင်းမှာ ဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ်လုံးဝ တိမ်းရှောင်လို့မရအောင် ဖမ်းဆီးနိုင်ဖို့ အာဆီယံ ၁၀ နိုင်ငံစလုံးကို သူ့ဓာတ်ပုံတွေပေး၊ အကြောင်းကြားတယ်။ အာဆီယံ ပြင်ပရောက်သွားတယ် ဆိုရင်လည်း ဘယ်နိုင်ငံပဲရောက်ရောက် အမြန် ဆုံးဖမ်းမိနိုင်အောင် ဆိုပြီးတော့မှ အကြောင်းကြား ခြင်းဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းအရ မဟုတ်ဘဲ ရေဆုံးရေဖျားအထိကို လိုက်နေပါတယ်’’ လို့ ရဲချုပ်ဇော်ဝင်းကပြောထားပါတယ်။

ဦးကိုနီလုပ်ကြံခံရမှုမှာ နောက်ကွယ်မှ စေခိုင်းတဲ့ တရားခံပြေးအောင်ဝင်းခိုင်ကို နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL)က အနီရောင်ကြေညာချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily:Duwun

No comments:

Post a Comment