Latest News

Monday, April 10, 2017

ရေးမြို့နယ်၌ $ငွေကျပ်သိန်း ၄ဝဝ ခန့်ရှိ တရားမဝင်ဘီယာများ ဖမ်းဆီးရမိ

ရေးမြို့နယ်၌ $ငွေကျပ်သိန်း ၄ဝဝ ခန့်ရှိ တရားမဝင်ဘီယာများ ဖမ်းဆီးရမိ


ရေး ဧပြီ ၉

မွန်ပြည်နယ် မော်လမြိုင်မြို့ဘက်မှ ရေးမြို့ဘက်သို့ တရားမဝင်ဘီယာများ သယ်ဆောင် လာသော Samsung အမျိုးအစား ၁၄ ဘီးယာဉ်၊Canter အဖြူရောင်ယာဉ်နှင့် Nissan Vanette အဖြူရောင်ယာဉ်သုံးစီးအား သတင်းပေးပို့ချက်အရ သက် ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးရာ အကောက်ခွန်မဲ့ ဘီယာများ ဖမ်းဆီးရမိခဲ့ သည်။

ရေးမြို့နယ် Task Force အဖွဲ့က ဧပြီ ၈ ရက် နံနက်က ရေးမြို့ သီရိဇေယျာ ရပ်ကွက်ရှိမြို့တော်ဦးဂိတ်၌ စောင့်ဆိုင်းနေစဉ် တရားမဝင်ဘီယာများ တင်ဆောင် လာသောယာဉ်သုံးစီးအား စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယာဉ်ပေါ်၌ အရက်၊ ဘီယာမျိုးစုံ ကို တွေ့ရှိပြီး ထိုင်းနိုင်ငံထုတ် အကောက်ခွန်မဲ့ LEO SINGHA CHEERS CHANG ဘီယာပါကင် ၂၈၇ဝ နှင့်အတူ ၁၄ ဘီး ယာဉ်မောင်း ကိုကို သက်အောင်တစ်ဦးသာ စစ်ဆေးတွေ့ရှိရပြီး ကျန်ယာဉ်မောင်းနှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေးမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 နေမျိုးထွဋ်(ရေး)moi

No comments:

Post a Comment